A d v e r t i s e m e n t With Us

ဘရွန်ဒီနိုင်ငံ စစ်စခန်း ၃ ခု တရက်တည်း တိုက်ခိုက်ခံရ (ရုပ်သံ)

ဘရွန်ဒီနိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ တရက်တည်း စစ်စခန်း ၃ ခုတိုက်ခိုက်ခံရပြီး သေဆုံးသူ ၈၇ ဦးအထိ မြင့်တက်ခဲ့တယ်လို့ ဘရွန်ဒီစစ်တပ်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ပြောဆိုပါတယ်။ မြို့တော်လမ်းမတွေမှာလည်း သတ်ဖြတ်ခံရသူ အမျိုးသား ၃၄ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပြီး စစ်တပ်ကကြေညာတဲ့ သေဆုံးသူဦးရေ ၈၇ ဦးထဲမှာ ပါမပါကတော့ မရှင်းလင်းပါဘူး။ အရပ်သားတွေကိုတော့ ရဲတွေက လက်စားချေသတ်ဖြတ်တာလို့ မြို့ခံတွေက စွပ်စွဲပြောဆိုနေကြပါတယ်။ ဘရွန်ဒီနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလကတည်းက လက်ရှိသမ္မတက အခြေခံဥပဒေကို ကျော်ပြီး တတိယ သမ္မတသက်တမ်း ၀င်ပြိုင်မယ်ဆိုကတည်းက ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား အပြန်အလှန်သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လက အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ လက်ရှိသမ္မတပဲ အနိုင်ရရှိခဲ့ပြီး သမ္မတ တတိယသက်တမ်းကို ဆက်ယူထားပါတယ်။ ဧပြီလက စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူအနည်းဆုံး ၂၄၀ ရှိသွားပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဘရွန်ဒီ ပြည်သူ ၂ သိန်းကျော်ဟာလည်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ လက်ရှိသမ္မတနဲ့ လူမျိုးတူ ဟူတူလူမျိုးစု ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူ တူဇီ လူမျိုးစုတွေကြား အပြန်အလှန်သတ်ဖြတ်မှုတွေ ပုံမှန်လိုလိုဖြစ်ပွားနေပြီး ၁၉၉၀ ပြည့်နှစ်လွန် ပြည်တွင်းစစ်အခြေအနေ ပြန်ရောက်သွားမှာကို ဘရွန်ဒီပြည်သူတွေက စိုးရိမ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up