A d v e r t i s e m e n t With Us

သက်ရှိမြွေကို နှာခေါင်းပေါက်ကထည့်ပြီး ပါးစပ်မှပြန်ထုတ်ပြသူ (ရုပ်သံ)

ပါကစ္စတန်နိုင်ငံသား အမျိုးသားတဦးဟာ အဆိပ်ရှိတဲ့သက်ရှိမြွေကို နှာခေါင်း ပေါက်ထဲမှထိုးထည့်ကာ ပါးစပ်တွင်းမှပြန်လည်ထုတ်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဗြိတိန် အခြေစိုက် မက်ထရိုသတင်းမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကဖော်ပြပါတယ်။ အသက် ၃၀ အရွယ် အစ်ဂ်ဘဲဂျိုဂီအမည်ရ အဲဒီအမျိုးသားဟာ ကရာချိမြို့အနီး ရွာတရွာမှဖြစ်ကာ ကျောင်းတွေက ပွဲတွေနဲ့ မင်္ဂလာဆောင်အခမ်းအနားတွေမှာ ခုလို စတန့်ထွင်ပြသမှုတွေလုပ်နေတာပါ။ အစ်ဂ်ဘဲက “ဒါဟာ လူတိုင်းလုပ်နိုင်တာမဟုတ်တော့ ကျနော့်ရဲ့ အကောင်းဆုံး လုပ်နိုင်စွမ်းအတွက် ကျေနပ်မိပါတယ်” လို့ ပြောပါတယ်။ “ကျနော့်စွမ်းရည်အတွက် ဂုဏ်ယူမိပါတယ်။ ဒါဟာ တကယ့်ကို ကြီးကြီးမား မားစွန့်စားရတာကို ကျနော်သိပါတယ်။ ဒါပေမယ့် လူတွေက ကျနော့်ပါးစပ်ပေါက်ထဲက ပြန်ထွက်လာတဲ့မြွေကို စိတ်လှုပ်ရှားစောင့်ကြည့်ပြီး လူရောမြွေပါအသက်ရှင်နေတာကို တွေ့ရချိန်ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်ကို ကျနော်နှစ်သက်ပါတယ်။” ဒါဟာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ သူဟာ တချိန်မှာ မြွေကိုက်ခံခဲ့ရပြီး သေတော့မလိုဖြစ်ခဲ့ပါသေးတယ်။ “အဲဒီတုန်းက ကျနော့်ကို မြွေကိုက်ခဲ့ပြီး စက္ကန့်ပိုင်းအတွင်း ကျနော်အသိစိတ် ပျောက်ခဲ့ပြီး သုံးရက်လောက် အသက်ရှင်ဖို့ပြန်ကြိုးစားခဲ့ရတာပါ” လို့ အစ်ဂ်ဘဲကပြောပါ တယ်။ ဒါဟာ ထူးဆန်းထိတ်လန့်ဖွယ် အလုပ်တခုဖြစ်ပေမယ့်လည်း ကလေး ၈ ယောက် ဖခင်ဖြစ်တဲ့ အစ်ဂ်ဘဲအတွက်တော့ တခုတည်းသောအသက်မွေးဝမ်းကျောင်းအလုပ်တ ခုဖြစ်နေတာပါ။ သူက “ကျနော်စတန့်ပြမှုမစခင်မှာ မြွေကကျနော့်ကို မသတ်စေဖို့ ၀တ်ပြုဆု တောင်းလေ့ရှိပါတယ်။ ဒါမှ ကျနော်နောက်တရက်အသက်ဆက်ရှင်ပြီး သရုပ်ပြနိုင်မယ် လေ”လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up