A d v e r t i s e m e n t With Us

အာဂျင်တီးနား ရေလှောင်တမံပေါ် ရုပ်သံရိုက်ကူးရေး ရဟတ်ယာဉ်ပျက်ကျ

ရုပ်သံအမ်တီဗွီရုက်ကူးရေး ရဟတ်ယာဉ်တစီးဟာ အာဂျင်တီးနားနိုင်ငံ မြို့တော်၊ ဗျူနို အေးရီးစ်မြို့ အနောက်မြောက်ဘက်က မင်ဒိုဇာပိုထရယ်ရီလိုစ် ရေလှောင်တမံပေါ် ပျံသန်းစဉ်မှာ ပျက်ကျခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့တယ်လို့ မင်ဒိုဇာခရိုင် လုံခြုံရေးဆိုင်ရာ ၀န်ကြီး ဂီယန်နီဗာနီယာက ပြောပါတယ်။ သည်ဘဲလ်-၂၀၆ ရဟတ်ယာဉ်ပေါ်ပါ လေယာဉ်မောင်းသူနဲ့ နည်းပညာရှင်တဦး သေဆုံးခဲ့ပြီး လေယာဉ်ပေါ်ပါသူအားလုံးရဲ့ အခြေအနေကို မသိနိုင်သေးဘူးလို့ ဘဲလ် ဖတ်တယ်လီဂရပ်ဖ်သတင်းမှာ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေနေကြပြီး ကယ်ဆယ်ရေးသမားတွေဟာ အခင်းဖြစ်တဲ့နေရာအောက် ပေ ၂၀၀ ၀န်းကျင်အနီး တ၀ိုက်မှာ ရှာဖွေနေကြတာပါ။ ဒါဟာ အာဂျင်တီးနားနိုင်ငံမှာ ဒီနှစ်အတွင်းမှာ ဒုတိယအကြိမ် လေယာဉ်မတော် တဆမှုဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့မတ်လတုန်းကလည်း ရဟတ်ယာဉ်နှစ်စီးဟာ နိုင်ငံအနောက်မြောက်ဘက်မှာ ရိုက်ကူးရေး လုပ်ငန်းလုပ်ဆောင်နေစဉ်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၁၀ ဦးလုံး သေဆုံးခဲ့တာပါ။ ရဟတ်ယာဉ်ပေါ်မှာ ပြင်သစ်အားကစားသမားတွေဖြစ်တဲ့ လှိုင်းစီး ရွက်လွှင့်သမား ဖလောရင့်စ်အားသော့ဒ်၊ အိုလံပစ်ရေကူးသမား ကာမီးလ်မူးဖက်နဲ့ လက်ဝှေ့သမား အဲလက်စ်ဗက်စ်တင်းတို့ ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up