A d v e r t i s e m e n t With Us

မြန်မာနိုင်ငံသားများအတွက် ထိုင်းဘာသာစကားသင်တန်း ချင်းမိုင်တွင် ဖွင့်လှစ်မည်

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာပြည်သားတွေအတွက် ထိုင်း ဘာသာစကားအပြင် ယဉ်ကျေးမှုနဲ့ဥပဒေ သင်တန်းတခုကို လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီသင်တန်းကျောင်းကို ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးချုပ်နဲ့ ချင်းမိုင် တက္ကသိုလ်  မြန်မာစင်တာတို့က ပူးပေါင်းပြီး ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ချင်းမိုင်တက္ကသိုလ် မြန်မာစင်တာ (မြန်မာစာဌာန) မှ ဆရာမ ယမင်းရွှေစင်ထိုက်က ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာပြည်သားတွေ ထိုင်းစကားအပြင် ထိုင်းနိုင်ငံ ဥပဒေကိုပါ သိရှိနားလည်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို ဖွင့်လှစ်တာလို့ ဒီဗွီဘီကို ပြောပါတယ်။ “တချို့က စာဖတ်တတ်တဲ့လူတွေ ရှိသလို စာမဖတ်တတ်တဲ့လူတွေ အများကြီးရှိတယ်၊ စာဖတ်တတ်သွားအောင် ဦးစားပေးပြီးတော့ ဖွင့်လှစ်ပေးတာပါ။” ကျောင်းမှန်မှန်တက်ပြီးတော့ စာလည်းကြိုးစားသွားမယ်ဆိုရင် ချင်းမိုင် တက္ကသိုလ်ကနေ အသိအမှတ်ပြုတဲ့ အောင်လက်မှတ်ကိုလည်း ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။ သင်တန်းကို ချင်းမိုင်မြို့ ၀မ်ဆိုင်းမွန် (မြန်မာ ဘုန်းတော်ကြီးကျောင်း) မှာ တနင်္ဂနွေနေ့ တရက်ကိုသာ မနက် ၈ နာရီကနေ ၁၁ နာရီအထိ သင်ကြားပေးမှာ ဖြစ်သလို ရေရှည် ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up