A d v e r t i s e m e n t With Us

စပိန်နိုင်ငံတွင် ခရစ္စမတ်အကြို ဆန်တာကလော့ဝတ်စုံဖြင့် အပြေးပြိုင် (ရုပ်သံ)

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်မှာ မြို့ခံ ၁ သောင်းကျော်ဟာ ခရစ္စမတ်ကို ကြိုဆိုတဲ့အနေနဲ့ ဆန်တာကလော့ ၀တ်စုံကို ၀တ်ဆင်ပြီး ၅ ကီလိုခွဲအကွာအဝေး ပြေးပွဲကျင်းပခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်ဟာ ၄ နှစ်မြောက်ပြေးပွဲဖြစ်ပါတယ်။ အသက် ၁၂ အောက် ကလေး အယောက် ၅၀၀ ကျော်လည်း အစိမ်းရောင်ဝတ်ဆင်ပြီး ပါဝင်ခဲ့ကြပါတယ်။ အခုလိုပါဝင်ဖို့ တယောက်ကို ၁၃ ယူရိုကောက်ခံခဲ့ပြီး ၁ ယူရိုတိုင်းကို မက်ဒရစ်မြို့တော် အာရုံကြော လူနာဖောင်ဒေးရှင်းမှာ လှူဒါန်းမယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စပိန်အထွေထွေရွေးကောက်ပွဲရှိပြီး ပြေးပွဲမှာပါဝင်သူတွေက သူတို့မျှော်လင့်တဲ့ အစိုးရနဲ့ ပတ်သက်တဲ့အမြင်တွေကို မျှဝေပြောဆိုခဲ့ကြပါတယ်။ ပြေးပွဲမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတဦးက စပိန်နိုင်ငံမှာ အပြောင်းအလဲလိုအပ်နေပြီး ဒီမိုကရေစီနိုင်ငံ စပိန်လိုနိုင်ငံမှာ အစိုးရတခုတည်းကပဲ အုပ်ချုပ်နေတာ မဖြစ်သင့်ဘူး၊ ဒီနှစ်တော့ ကောင်းကောင်းမွန်မွန် ရွေးချယ်နိုင်ရလောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up