ဂိုးစည်းမျဉ်း ဥပဒေ ယူရို ၂၀၁၆ တွင် အသုံးပြုမပြု ဇန်န၀ါရီတွင် ဆုံးဖြတ်မည်
690
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမယ့် ယူရို ၂၀၁၆ နဲ့ လာမယ့် ရာသီ ဥရောပ ဘောလုံးပြိုင်ပွဲတွေမှာ ဂိုးစည်းမျဉ်းဥပဒေကို အသုံးပြုမပြု ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဇန်န၀ါရီလအတွင်း ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ယူအီးအက်ဖ်အေ အစည်းအဝေးပြုလုပ်ပြီး ဒီအကြောင်းအရာကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အတည်ဖြစ်သွားရင်လည်း ယူအီးအက်ဖ်အေက အသုံးပြုနေတဲ့ ဂိုးစည်းနောက်က အကူဒိုင် ၂ ဦးက ဆက်ရှိနေမယ်လို့ ဆိုပါတယ်။
စိန်ခေါ်မှုတွေ ရှိနေပေမယ့် ဒီဥပဒေကို အကောင်ထည်ဖော်ဖို့ အပြုသဘောဆောင်တဲ့ သဘောထားတွေ ရှိနေတယ်လို့ ယူအီးအက်ဖ်အေ အတွင်းရေးမှူးက ပြောပါတယ်။
၂၀၁၃-၁၄ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်က ဂိုးစည်းမျဉ်းဥပဒေကို အသုံးပြုခဲ့ပြီး ၂၀၁၄ ဘရာဇီးကမာ့္ဘဖလားမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကလည်း အသုံးပြုခဲ့ပါတယ်။