A d v e r t i s e m e n t With Us

စားဖို့ပို့လိုက်တဲ့ ဆိတ်နှင့် မိတ်ဆွေဖြစ်သွားသည့် ကျား (ရုပ်သံ)

ခင်မင်ရင်းနှီးမှုမှာ ဘောင်တွေ အကန့်အသတ်တွေ မရှိပါဘူး။ ရုရှားနိုင်ငံ တရိစ္ဆာန် ဥယျာဉ်တခုမှာ ဆားဘီးယား ကျားတကောင်က ဆိတ်နဲ့ မိတ်ဆွေ ဖြစ်နေတာက ဒီအဆိုပြုချက်မှန်တယ်ဆိုတာကို သက်သေပြနေပါတယ်။ ဆားဘီးယားကျား အာမာက လှောင်အိမ်ထဲကို စားဖို့ ပို့ပေးလိုက်တဲ့ ဆိတ် တီမာနဲ့ အခုတော့ လှောင်အိမ်ထဲမှာ အတူအိပ် အတူနေနေတာကို ရုပ်သံမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီကျားကို အသက်ရှိ သတ္တ၀ါတွေကို တပတ် ၂ ကြိမ် ကျွေးမွေးရပါတယ်။ အာမာကလည်း လာပို့ပေးတဲ့ သတ္တ၀ါတွေထဲက ဆိတ်တွေအများကြီး သတ်ဖြတ်စားသောက်ခဲ့ပါတယ်။ ဒါပေမယ့် တီမာကို ပို့ပေးအပြီး သူတို့ ၂ ဦးအကြား ထူးခြားတဲ့ ချည်နှောင်မှုတွေ ရှိနေပါတယ်။ နောက်ပိုင်းမှာတော့ ဆိတ်အစား ယုန်တွေကို ကျားစားဖို့ ပို့ပေးတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up