ဖမ်းဆီးခံထားရသည့် အာဏာရှင်ဟောင်း ကဒါဖီ၏သား ပြန်လွတ်

1.3K
လစ်ဗျား အာဏာရှင်ဟောင်း ကဒါဖီရဲ့သား ဖြစ်သူ ဟန်နီဗယ်ကို အမည်မသိ လက်ဘနွန် အဖွဲ့တဖွဲ့က ဖမ်းဆီးပြီး ဒီဇင်ဘာ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ လက်ဘနွန် နိုင်ငံပိုင် သတင်းဌာနက ကြေညာပါတယ်။
သတင်းဌာနက ဒီဇင်ဘာ ၁၁ ရက်နေ့ ပြသတဲ့ ရုပ်သံသတင်းမှာ ဟန်နီဗယ်က ၁၉၇၈ ခုနှစ်ကတည်းက ပျောက်ဆုံးနေတဲ့ လက်ဘနွန် ဘာသာရေး ခေါင်းဆောင်နဲ့ ပတ်သက်လို့ သတင်းအစအန သိသူ ရှိရင် ချက်ချင်း အကြောင်းကြားဖို့ မေတ္တာရပ်ခံတိုက်တွန်းနေတာ တွေ့ရပါတယ်။
ဆီရိုက် မွတ်စလင် ဘာသာရေးခေါင်းဆောင် မူဆာအယ်ဆက်ဒါ နဲ့ လက်ထောက် ၂ ယောက် ပျောက်ဆုံးနေမှုဟာ လစ်ဗျား ခေါင်းဆောင် ကဒါဖီ လက်ချက် မကင်းဘူးလို့ လက်ဘနွန်ဘက်က ယူဆနေပါတယ်။
ကဒါဖီရဲ့သား ဟန်နီဗယ်ကို ဘိတ်ကာ ဒေသမှာ လက်ဘနွန်အဖွဲ့တဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ နယ်ခံ သတင်းတွေက ဖော်ပြပါတယ်။