မွန်ပြည်နယ် ရေးမြို့နယ်တွင် အန်အယ်လ်ဒီက အမှိုက်ကောက် (ဓာတ်ပုံ)
DVB
·
December 12, 2015
မွန်ပြည်နယ် ရေးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ ၀န်းရံပြည်သူတွေဟာ ဒီဇင်ဘာ ၁၂ ရက်နေ့၊ မနက်ပိုင်းကစတင်ပြီး ရေးမြို့တွင်း အမှိုက်ရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။
သူတို့တွေဟာ ရေးမြို့နယ်က ရွှေဆံတော်ဘုရား နဲ့ အမက ၁ တ၀ိုက်၊ ပြည်သူ့ဆေးရုံဝန်းကျင်နဲ့ ဗိုလ်ချုပ်လမ်းတလျှောက်အပါအဝင် မြို့နယ်ထဲက အဓိကနေရာတွေမှာ အမှိုက်လိုက်ကောက်နေတာဖြစ်ပါတယ်။
ဒီလို အမှိုက်ကောက်တဲ့နေရာမှာ မြို့နယ်စည်ပင်က ၀န်ထမ်းတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ သူတို့အနေနဲ့ ၁၃ ရက်နေ့မနက်မှာလည်း အမှိုက်ထပ်ကောက်ဦးမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောပါတယ်။
သတင်းဓာတ်ပုံ- winnaing thet