ပရီးမီးယားလိဂ် ထိပ်တန်း ၄ သင်းဝင်ရန် မော်ရင်ဟို မျှော်လင့်

Chelsea manager Jose Mourinho during the press conference. Action Images via Reuters / Matthew Childs Livepic
အင်္ဂလန် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်း နည်းပြ ဂျိုဆေး မော်ရင်ဟိုက ရာသီအကုန်မှာ အသင်းကို ထိပ်တန်း ၄ သင်းဝင်ဖို့ မျှော်လင့်နေပါတယ်။ လက်ရှိအချိန် ချဲလ်ဆီးဟာ ဇယားနံပါတ် ၁၄ မှာ ရပ်တည်နေသလို ဇယားနံပတ် ၄ နေရာက အသင်းနဲ့ ၁၄ မှတ်ကွာဟနေပါတယ်။ အကောင်းဆုံးနဲ့ နံပါတ် ၄ နေရာမှာ ရပ်တည်နိုင်ဖို့ အခွင့်အရေးတွေရှိနေသလို သချာင်္နည်းအရ ဖြစ်နိုင်သေးတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ရုန်းကန်နေရသလို မော်ရင်ဟိုရဲ့ နေရာဟာလည်း မရေရာမသေချာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရင်တပတ်ကလည်း တန်းတက် ဘုန်းမောက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာတော့ ဇယားထိပ်က လက်စတာ အသင်းနဲ့ ချဲလ်ဆီးက ကစားရဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up