Home
မြန်မာသတင်း
ကျောင်း​အကြိုအပို့​စက်​လှေ​မှောက်၊​ ၅ ဦး​သေဆုံး
နော်နိုရင်း
·
July 14, 2011
ဧရာဝတီတိုင်း​ ဘိုက​လေး​မြို့​နယ် ကြည်စုကျုံဖား​ချောင်း​ဖျား​ကျေး​ရွာက​နေ ကြာအင်း​ကျေး​ရွာကို ​ကျောင်း​အကြိုအပို့​လုပ်တဲ့​ စက်​လှေတစီး​ ပြီး​ခဲ့​တဲ့​ ဇူလိုင်လ ၁၁ ရက်​နေ့​က ​ကျောင်း​ကအပြန် တိမ်း​မှောက်ခဲ့​တဲ့​အတွက် ​ကျောင်း​သူ​ကျောင်း​သား​ ၅ ဦး​ ​ရေနစ် ​သေဆုံး​ခဲ့​ပါတယ်။ [caption id="attachment_12670" align="alignleft" width="310" caption="ကျောင်း​အကြိုအပို့​လုပ်နေသည့်​​ စက်လှေတစီး​ "][/caption] ကြည်စုကျုံဖား​ချောင်း​ဖျား​ကျေး​ရွာဟာ အိမ်​ထောင်စု ၁၀၀ နီး​ပါး​ရှိပြီး​ ရွာမှာ ​ကျောင်း​မရှိတာ​ကြောင့်​ က​လေး​ငယ်​တွေဟာ ရွာနဲ့​ တမိုင်​လောက်​ဝေး​တဲ့​ ကြာအင်း​ရွာက မူလတန်း​လွန်​ကျောင်း​မှာ ​ကျောင်း​သွား​တက်ကြရတာ ဖြစ်ပါတယ်။ စက်​လှေ​မှောက်မှုနဲ့​ ပတ်သက်လို့​ ​ဒေသခံတဦး​က “အဲဒီ​နေ့​က ရာသီဥတုက သာယာပါတယ်။ သာယာ​ပေမယ့်​ စက်​လှေထဲမှာ ကလေး​တွေကများ​ပြီး​ အား​လုံး​ ၂၃ ​ယောက် ဆို​တော့​ ​မောင်း​လာရင်း​နဲ့​ပဲ နစ်သွား​တယ်။ ပြန်ပြီး​ ကယ်တဲ့​အခါ က​လေး​က ၁၈ ​ယောက်ပဲ ပြန်ပြီး​ ကယ်လို့​ရတယ်။ ၅ ဦး​ ဆုံး​သွား​တာ​ပေါ့​နော်။ ​ကျောင်း​သူက ၄ ဦး​၊​ ​ကျောင်း​သား​က ၁ ဦး​၊​ ​ပေါင်း​ ၅ ဦး​ပေါ့​။ သူတို့​ပြောပုံအရ​တော့​ ​ကျောင်း​သား​တွေက စက်​လှေဦး​မှာ အထိုင်များ​တော့​ ဦး​နည်း​နည်း​ စိုက်သွား​တဲ့​အချိန်မှာ စက်ကို နည်း​နည်း​ တင်​မောင်း​လိုက်​တော့​ အရှိန်နဲ့​ ထိုး​ပြီး​ နစ်သွား​တယ်။” စက်​လှေ​မောင်း​သူကို မြင်း​ကကုန်း​ရဲစခန်း​က ဖမ်း​ဆီး​ခေါ်​ဆောင်သွား​ပြီး​ တရာစွဲဆိုထား​တယ်လို့​ အဲဒီ​ဒေသခံကပဲ ​ပြောပါတယ်။ “အခင်း​ဖြစ်ပြီး​သိပ်မကြာဘူး​။ မြင်း​ကကုန်း​ ရဲစခန်း​ကို အ​ကြောင်း​ကြား​တယ်။ ​နောက် ဘိုက​လေး​မြို့​နယ် မြို့​နယ်အုပ်ချုပ်​ရေး​မှူး​တို့​ ဘာတို့​ ဆင်း​သွား​ကြတယ်။ စက်​လှေ​မောင်း​သမား​ကို ဖမ်း​လာတယ်။ သူတို့​ပြောတာက​တော့​ တရား​စွဲထား​တယ် ​ပြောတယ်။ က​လေး​အ​လောင်း​တွေက​တော့​ အခင်း​ဖြစ်ပြီး​လို့​ ၂ နာရီ ၃ နာရီ​လောက်မှာ ပြန်ရတယ်။ အသက် ၅ နှစ် ၆ နှစ်က​နေ ၁၀ နှစ် ပတ်ဝန်း​ကျင်​ပေါ့​။ မိဘ​တွေက​တော့​ ဒီလိုမျိုး​ဖြစ်စဉ်မျိုး​က ဖြစ်​လေ့​ဖြစ်ထ မရှိဘူး​။ ရာသီဥတု ဆိုး​ဝါး​လို့​ ဖြစ်တာလည်း​ မဟုတ်ဘူး​။ ​ပေါ့​ဆလို့​ ဖြစ်တာဆိုပြီး​တော့​ ယူကျုံး​မရ ဖြစ်တာ​ပေါ့​နော်။” သေဆုံး​သွား​တဲ့​ က​လေး​ငယ်​တွေကို​တော့​ မ​နေ့​က သင်္ဂြိုဟ်လိုက်တယ်လို့​ ဆိုပါတယ်။ ဒီလို အခင်း​ဖြစ်ပွား​ပြီး​နောက်ပိုင်း​ အဆိုပါ ကြည်စုကျုံဖား​ချောင်း​ဖျား​ရွာကို မူလတန်း​ကျောင်း​ဆောက်​ပေး​ဖို့​ စီစဉ်​နေတယ်လို့​ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024