ယူကရိန်း ပါလီမန်အတွင်းက ရန်ပွဲ (ရုပ်သံ)

2.6K
ဒီဇင်ဘာ ၁၁ ရက် ယူကရိန်း အာဏာရ ညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေ ပါလီမန် အတွင်းမှာ ရန်ဖြစ်ခဲ့ကြပါတယ်။
စင်မြင်ပေါ်မှာ ၀န်ကြီးချုပ် ဆာဆင်နီယပ်ဆန်ယွတ် စကားပြောနေစဉ်မှာ သမ္မတ ပက်ထရို ပိုရိုရှင်ကိုရဲ့ ပါလီမန်အဖွဲ့ဝင်တဦးက သွားရောက်ပြီး ဆွဲလားရမ်းလားလုပ်ခဲ့ရာကနေ ရန်ပွဲ ဖြစ်ပွားခဲ့တာပါ။
ယပ်ဆန်နှုတ်က အစိုးရရဲ့ ပြဿနာတွေ ပတ်လည်ဝိုင်းနေတဲ့ မှတ်တမ်းကို ကာကွယ်ပြောဆိုနေရာမှာ လွှတ်တော်အမတ် အိုလဲ့ဘာနာက သူဆီလျှောက်လာပြီး နှင်းဆီပန်းကို အရွဲ့တိုက်လက်ဆောင် ပေးခဲ့ပါတယ်။ ဒီနောက် ပယ်ဆန်ယွတ်ကို ဖက်ပြီး စကားပြောနေရာကနေ မချီဆွဲယူဖို့ကြိုးစားခဲ့ပါတယ်။
ယပ်ဆန်ယွတ်ရဲ့ လူထုအင်အားစု ပါတီက အဖွဲ့ဝင်တွေကလည်း ရောက်လာပြီး ဘာနာကို တွန်းထိုးခဲ့ပါတယ်။
ဒီနောက် ၂ ဖက် အမတ်တွေ ပါဝင်လာပြီး မိနစ်ပေါင်းများစွာ တွန်းထိုး ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်ရပ်က ဥရောပလိုလားသူ မဟာမိတ်အဖွဲ့တွေအကြားက အကွဲအပြဲကို ဖော်ပြနေသလို အစိုးရက မကြာခင် ပြိုလဲသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။