A d v e r t i s e m e n t With Us

ရေကြီးရေလျှံမှုကြောင့် ဒေါ်လာသန်း ၁ ဒသမ ၅ ဘီလီယံ ထိခိုက်ဆုံးရှုံး

အခုနှစ် နိုင်ငံအတွင်း ရေကြီးရေလျှံမှုတွေကြာင့် ထိခိုက်နစ်နာခဲ့တဲ့ စီးပွားရေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ဒသမ ၅ ဘီလီယံ ရှိပြီး ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်ဟာလည်း အဲ့ဒီ ပမာဏလောက်ပဲ ရှိလိမ့်မယ်လို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပြောပါတယ်။ နေပြည်တော်မှာ မနေ့က လုပ်တဲ့ ရေကြီးရေလျှံမှုများ ဆန်းစစ်ချက်အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ သူက ခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုအတွင်း လူ ၂ သန်းလောက် ဘေးဒုက္ခ ရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လအတွင်း ပြည်နယ်တိုင်း ၁၂ ခုလောက်မှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ နောက်ဆက်တွဲ မြေပြိုမှုတွေပါ ဖြစ်ပွားခဲ့ပါတယ်။ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဒဏ်ကို စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ကြရပြီး အဲ့ဒီသဘာဝဘေးဒဏ်အတွင်း လူ ၁၃၀ လောက် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up