A d v e r t i s e m e n t With Us

စံမညီ မြေပဲဆီတံဆိပ် ၁၈ မျိုး ဈေးကွက်အတွင်းမှ ရုပ်သိမ်းရန် ကြေညာ

မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်တွေမှာ ရောင်းချနေတဲ့ မြေပဲဆီ အမှတ်တံဆိပ် ၁၈ မျိုးကို ဈေးကွက်အတွင်းမှ ပြန်ရုပ်သိမ်းရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာလိုက်ပါတယ်။ တော်ဝင်နဒီ၊ ရွှေမိုး၊ lucky၊ စိန်သရဖူ၊ စံထိပ်တန်း၊ ရွှေစင် အပါအ၀င် စားသုံးဆီအမှတ်တံဆိပ် ၁၈ မျိုးမှာ မြေပဲဆီလို့ ဖော်ပြထားပေမယ့် မြေပဲဆီအစစ်မဟုတ်ဘဲ စားအုန်းဆီနဲ့ အခြားစားသုံးဆီအရောတွေ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလို့ အမှတ်တံဆိပ်ပါဖော်ပြချက်နဲ့ ကိုက်ညီမှုမရှိလို့ စံမညီစားသုံးဆီတွေ ဖြစ်ကြောင်း အသိ ပေးကြေညာထားပါတယ်။ စံမညီ စားသုံးဆီတွေကို ဈေးကွက်မှ အမြန်ဆုံးပြန်လည်ရုပ်သိမ်းသွားဖို့နဲ့ ဆက်လက်ထုတ်လုပ်ရောင်းချကြောင်း စိစစ်တွေ့ရှိရပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈(ခ)အရ အရေးယူသွားမည်ဖြစ်တယ်လို့ သတိပေးထားပါတယ်။ စားသုံးဆီတွေကို သတ်မှတ်စံနှုန်းတွေနဲ့ ညီညွတ်စေဖို့အတွက် ဈေးကွက်တွေရှိ စားသုံးဆီတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်ကြပ်မတ် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သတင်းဓာတ်ပုံ - MOI    

A d v e r t i s e m e n t With Us

More News
Up