လူကုန်ကူးမှု တိုက်ဖျက်ရေး ထိုင်းထိပ်တန်းအရာရှိ သြစတြေးလျတွင် ခိုလှုံခွင့်တောင်း

853
ထိုင်းနိုင်ငံက လူကုန်ကူးမှု တိုက်ဖျက်ရေး ထိပ်တန်း အရာရှိဟောင်းဟာ သြစတြေးလျ နိုင်မှာ ခိုလှုံခွင့် တောင်းခံထားပါတယ်။
သူ့ကို အသရေ ဖျက်မှုနဲ့ တရားစွဲဖို့ ပြင်ဆင်နေချိန်မှာ အခုလို ခိုလှုံခွင့် တောင်းလိုက်တာ ဖြစ်ပါတယ်။
ရဲချုပ်ကြီး ပါဝမ် ပွန်းစီရင်ဟာ မယ်လဘုန်းကို လွန်ခဲ့တဲ့ တပတ်က ရောက်ပြီး နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့ ကိစ္စကို ဒီဇင်ဘာ ၁၀ ရက်နေ့က သြစတြေးလျ ရုပ်သံ (ABC) ကို ရှင်းပြခဲ့ပါတယ်။
သူ့အဆိုအရ လူကုန်ကူးမှုကိစ္စမှာ ထိုင်းအစိုးရတွင်းက အဆင့်မြင့် အရာရှိတွေ၊ စစ်တပ်နဲ့ ရဲအဖွဲ့က အဆင့်မြင့် အရာရှိတွေ ကိုယ်တိုင်ပါဝင်နေတာကြောင့် သူ့အသက် အန္တရာယ်အတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့ လူကုန်ကူးခံရသူတွေကို ဆင်းရဲဒုက္ခတွေကနေ ကယ်တင်နိုင်ဖို့ ဖြောင့်မတ်မှန်ကန်စွာ အလုပ်လုပ်ခဲ့သလို၊ အခုလည်း သူ့အတွက် ဘေးကင်းရာနေရာမှာ ခိုလှုံခွင့်ရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံမှာ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အစိုးရ အရာရှိတွေ အပါအ၀င် လူပေါင်း ၁၅၃ ယောက်ကို ဖမ်းဝရမ်း ထုတ်ထားတယ်လို့လည်း သူက ပြောပါတယ်။