ဆိုင်းငံ့ ပြစ်ဒဏ် အယူခံ ပလာတီနီရှုံးနိမ့်

UEFA President Michel Platini is seen during the draw ceremony for the 2014/2015 Champions League soccer competition at Monaco's Grimaldi Forum in Monte Carlo August 28, 2014. REUTERS/Eric Gaillard
771
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ဆိုင်းငံ့ပြစ်ဒဏ် ရက် ၉၀ ရာထူး ချခံရတဲ့ ဥရောပဘောလုံးသမဂ္ဂအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဥက္ကဋ္ဌ မီရှယ် ပလာတီနီရဲ့ အယူခံ ရှုံးနိမ့်သွားပါတယ်။
ပလာတီနီရဲ့ အဆိုပြုချက်ကို အားကစားဆိုင်ရာ တရားရုံးက ငြင်းဆိုလိုက်ပါတယ်။ ဒီအတွက် ပြင်သစ်နိုင်ငံ ပဲရစ်မှာ ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အစီအစဉ်ရေးဆွဲတာကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလက အသက် ၆၀ ပလာတီနီနဲ့ ဖီဖာ ဥက္ကဋ္ဌ ဆပ်ဘလတ္တာတို့ကို အကျင့်ပျက်ခြစားမှုနဲ့ စုံစမ်းစစ်ဆေးပြီး ရာထူးကနေ ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။ ဒီအတွက် ပြစ်ဒဏ်ကို ဒီဇင်ဘာ ၂၁ ရက်မှာ ချမှတ်နိုင်မှာလည်း ဖြစ်ပါတယ်။
ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပလာတီနီကို ဘောလုံးကနေ တသက်စာ အနားပေးဖို့ ထောက်ခံပေးထားပါတယ်။
ပလာတီနီကတော့ ဘလတ္တာနေရာမှာ အစားထိုးဖို့အတွက် အကြိုက်ဆုံးဖြစ်ပြီး ဖီဖာ ဥက္ကဋ္ဌ နေရာကို အရွေးချယ်ခံဖို့ လက်ရှိအချိန်ထိ အစီအစဉ်ရှိနေပါတယ်။