Home
မြန်မာသတင်း
ပဲခူးမြို့ ရပ်ကွက်ကြီး ၁ တွင် တယ်လီနောတာဝါတိုင်စိုက်ထူမှု ကန့်ကွက်ခံရ
DVB
·
December 11, 2015
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရပ်ကွက်ကြီး ၁ မြေတိုင်း ၅ မှာ တယ်လီနောတာဝါတိုင် လာရောက်စိုက်ထူတာကို ဆက်လက်ဆောက်လုပ်ခြင်းမပြုဖို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ပတ်ဝန်းကျင်နေအိမ်တွေက ကန့်ကွက်စာတင်ပြထားပါတယ်။ တယ်လီနောတာဝါတိုင် စိုက်ထူခွင့်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တင်ပြစာမှာ ပတ်ဝန်းကျင်နေအိမ်တွေက မသိရဘဲ တာဝါတိုင်စိုက် ထူတဲ့နေရာနဲ့ ပေ ၅၀၀ ကျော်အကွာ နေအိမ်တွေက ထောက်ခံပေးထားတာလို့ တာဝါတိုင်စိုက်ထူမယ့်နေရာနဲ့ ခြံချင်းကပ်နေထိုင်သူ ဦးကျော်မင်းက ပြောပါတယ်။ ခြံချင်းကပ်နေထိုင်တဲ့ မစုလှိုင်က “တာဝါတိုင်က ကျမတို့ အိမ်နဲ့ ကပ်လျှက်ဖြစ်နေတော့ ကျမအမေကလည်း ကျန်းမာရေးမကောင်းဘူး၊ ပြီးတော့ တခြားသဘာဝဘေးအန္တရယ်တွေလည်း ကျရောက်နိုင်တယ်။ ဒါကြောင့် ကျမတို့က ဒီတာဝါတိုင်ကို လူနေအိမ်တွေနဲ့ဝေးတဲ့နေရာမှာ သွားပြီးဆောက်စေချင်တယ်” လို့ ပြောပါတယ်။ 12341034_156651381360162_6487561322035678697_nအဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ရှိန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ တာဝါတိုင်ဆောက်တဲ့သူတွေက သူတို့ဖြေရှင်းပေးမယ့်အကြောင်း ပြောတယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ကတော့ သက်ဆိုင်ရာက အချိန်မီ မတားပေးရင် တရားဝင်ဆန္ဒထုတ်ဖော်ခွင့်တောင်းခံပြီး ဆန္ဒဖော်ထုတ်သွားမယ်လို့ ဦးကျော်မင်းက ပြောပါတယ်။ သတင်းဓာတ်ပုံ - ကိုသားကြီး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024