A d v e r t i s e m e n t With Us

အမေရိကန်အမှတ်အသား သိမ်းငှက် အတိုက်ခံရသည့် အမတ်လောင်း (ရုပ်သံ)

မွတ်စလင်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်ဖို့ ပြောဆိုခဲ့တဲ့ အမေရိကန် ပြည်ထောင်စု ရီပတ်ဘလီကင် အမတ်လောင်း ဒေါ်နယ်ထရန် သိမ်းငှက်ရဲ့ တိုက်ခိုက်တာ ခံခဲ့ရတဲ့ ရုပ်သံဖိုင်ကို တိုင်းမ် မဂ္ဂဇင်းက ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လတုန်းက ဒေါ်နယ်ထရန့်ဟာ အသက်  ၂၇ နှစ်အရွယ် အန်ကယ်ဆမ်ဆိုတဲ့ သိမ်းငှက်နဲ့ တွဲလျက်ပုံကို တိုင်းမ်မဂ္ဂဇင်းက မျက်နှာဖုံးမှာ ဖော်ပြခဲ့ပြီး ဒေါ်နယ်ထရန့် အကြောင်းကို ရေးသားခဲ့ပါတယ်။ ဒီလိုရိုက်ကူးစဉ်မှာ သိမ်းငှက်က ဒေါ်နယ်ထရန့်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်း စားပွဲခုံပေါ်မှာ ထိုင်နေတဲ့ ဒေါ်နယ်ထရန့်ကို ထပ်မံ တိုက်ခိုက်ခဲ့ရာမှာ ဒေါ်နယ်ထရန့်က တော်တော်ကို စိုးထိတ်သွားပုံရပါတယ်။ ဒီလိုတိုက်ခိုက်တာကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်ကို တိုင်းမ်မဂ္ဂဇင်းက ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး လူများစာရင်းကို ဖော်ပြပြီး ထုတ်ဝေခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up