ထိုင်းတွင် ကားတစီး အရှိန်မထိန်းနိုင်သဖြင့် ချောက်ထဲထိုးကျ (ရုပ်သံ)

1.7K
ဒီဇင်ဘာ ၁၀ ရက်နေ့က ထိုင်းနိုငံ ပတ်ချဘူရီခရိုင် ပြူသတ်ဘုတ်မှာ တောင်ဆင်းကို မောင်းနှင်လာတဲ့ ကားတစီးက ချောက်ထဲ ပြုတ်ကျသွားပါတယ်။
တောင်ဆင်းကို မောင်းနှင်လာတဲ့ ကားတစီးဟာ တောင်တက်လာတဲ့ ကားကို တိုက်မိလုနီးပါး ဖြစ်ပြီး လမ်းဘေးက ချောက်ထဲကို ကျသွားတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကို အနီးနားကားတစီးပေါ်က ဗွီဒီယိုဖိုင်အဖြစ်ရိုက်ကူးထားပြီး လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့တာကို ထိုင်း ဘန်ကောက်ပိုစ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ချောက်က သိပ်မနက်တဲ့အတွက် ကားမောင်းသမားနဲ့ စီးနင်းလိုက်ပါသူတွေ အသေအပျောက်မရှိဘူးလို့လည်း ဆိုပါတယ်။