A d v e r t i s e m e n t With Us

အစ္စရေးစစ်တပ် တိုက်ချင်းပစ်ဒုံးခွင်းဒုံး ပစ်ခတ်မှု ရုပ်သံဖြန့်ချိ

အစ္စရေး စစ်တပ်က အဲရိုးသရီးလို့ နာမည်ပေးထားတဲ့ သူ့ရဲ့ တိုက်ချင်းပစ်ဒုံးခွင်းဒုံးကို ဒီဇင်ဘာ ၁၀ ရက်နေ့က စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ အမှန်အကန် ပစ်လွှတ်စမ်းသပ်မှု ရလဒ်ရဲ့ နောက်ဆက်တွဲ သတင်းအချက်အလက် တွေကိုလဲ ပံ့ပိုးသွားမယ်လို့ ပြောပါတယ်။ အစ္စရေးဟာ အီရန်၊ ဆီးရီးယား၊ လက်ဘနွန်နိုင်ငံက ဟဇ်ဘိုလာ ပြောက်ကျားတွေနဲ့ ဂါဇာကမ်းမြှောင်က ဟားမတ်စ် စစ်သွေးကြွတွေနဲ့ ဒုံးကျည်စစ်ပွဲ ဖြစ်နိုင်ချေတွေကို စိုးရိမ်နေတာပါ။ အစိုးရရဲ့ နိုင်ငံတောင်ပိုင်း လေတပ် အခြေစိုက်စခန်းကနေ အံ့အားသင့်စရာ ပစ်လွှတ် စမ်းသပ်မှုဟာ ပြည်သူလူထုကို စိတ်ချအောင် လုပ်ဖို့ ရည်ရွယ်ပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up