A d v e r t i s e m e n t With Us

အကြမ်းဖက် အပြုအမှုကြောင့် မန်ယူကစားသမား ရှဝိန်းစတိုင်ဂါ ၃ ပွဲပယ်ခံရ

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်းက အလယ်တန်းကစားသမား ရှဝိန်းစတိုင်ဂါကို အကြမ်းဖက် အပြုအမှုအတွက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က ၃ ပွဲပယ်လိုက်ပါတယ်။ အိုးထရက်ဖို့ဒ် ၀က်စ်ဟမ်းနဲ့ကစားတဲ့ ပွဲမှာ အလွတ်တည်ကန်ဘော ကန်ခွင့်ရချိန် တဖက်အသင်း ကစားသမား ၀င်စတန်ရိုက်ကို ဘယ်လက်နဲ့ ဖမ်းခဲ့တဲ့အတွက် အခုလို ပြစ်ဒဏ် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ပွဲကြီးကြပ်တဲ့သူတွေ မမြင်ပေမယ့် ရုပ်သံဖိုင်မှာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒိုင်လူကြီး ၃ ဦးက ရုပ်သံဖိုင်ကို ပြန်လည် သုံးသပ်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် စတိုင်ဂါက ဘုန်းမောက်၊ နော်ဝှစ်ခ်ျ၊ စတုတ်အသင်းတွေနဲ့ ကစားမယ့် ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။ ၀င်စတန်ရိုက်ကလည်း မျက်နှာကို စတိုင်ဂါက တံတောင်နဲ့ ပွတ်ခဲ့တယ်လို့ ပြောဆိုသလို ၀က်စ်ဟမ်းမန်နေဂျာကလည်း ဒါဟာ တိုက်ရိုက်အနီကတ်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up