A d v e r t i s e m e n t With Us

မျိုးတုံးတော့မည့် ခွေးလေးများကို ဖန်ပြွန်သန္ဓေအကူဖြင့် ပထမဆုံး မွေးဖွား (ရုပ်သံ)

မျိုးတုံးတော့မယ့် အခြေအနေရှိနေတဲ့ ခွေးလေးတွေကို ပထမဆုံး ဖန်ပြွန်သန္ဓေအကူအညီနဲ့ ပထမဆုံး မွေးဖွားနိုင်ခဲ့တယ်လို့ အမေရိကန်သုသေသနပညာရှင်တွေက ဒီဇင်ဘာ ၉ ရက်နေ့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ကော်နယ်တက္ကသိုလ်က သုသေသနပညာရှင်တွေရဲ့ ကြိုးစားမှုနဲ့ အခုလိုပထမဆုံး အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီး မျိုးတုံးနိုင်တဲ့ တိရစ္ဆာန်တွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ခွေးနဲ့လူအကြား ကူးစက်နိုင်တဲ့ရောဂါတွေ ကာကွယ်ကုသရေးတွေအတွက် ထိရောက်အောင်မြင်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက အိမ်မွေး ဘီဂလ် beagles ခွေးသားပေါက် ၇ ကောင်ကို လူသားတွေကို ဖန်ပြွန်သန္ဓေနဲ့ မွေးဖွားသလို ခွေးအမတကောင်နဲ့ အငှားကိုယ်ဝန်ဆောင် မွေးဖွားခဲ့တာပါ။ ၁၉၇၀ နှစ်တွေကတည်းက အခုလို မွေးဖွားနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဖန်ပြွန်သန္ဓေသားကို အအေးခံထိန်းသိမ်းနိုင်ရေးမှာ အတော်ခက်ခဲရှိခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ အခုတော့ အကောင်းဆုံးနည်းလမ်းကို တွေ့ရှိခဲ့ပြီး အခုလို ကျန်းမာသန်စွမ်းတဲ့ ဘီဂလ် ခွေးသားပေါက် ၇ ကောင် မွေးဖွားနိုင်ခဲ့တယ်လို့ သုသေသနအဖွဲ့ခေါင်းဆောင် အဲလက် ထရားဗက်စ်က ပြောဆိုပါတယ်။ ဒီနည်းအတိုင်း မျိုးတုံးပျောက်ကွယ်နိုင်တဲ့ တိရစ္ဆာန်တွေကို ဆက်လက် ထိန်းသိမ်းနိုင်တော့မှာဖြစ်ပြီး တိရစ္ဆာန်ဆေးပညာလောကရဲ့ အရေးကြီးတဲ့ ခြေလှမ်းတလှမ်းဖြစ်တယ်လို့ ကျန်းမာရေးသတင်းဂျာနယ်ကြီးတစောင်ဖြစ်တဲ့ ပါလော့စ်ဝမ်း plos one journal မှာ ရေးသားဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up