A d v e r t i s e m e n t With Us

ဘန်ဇီမာကို ပြင်သစ် လက်ရွေးစင်အဖြစ် ရပ်ဆိုင်း

France's national soccer team player Karim Benzema attends a news conference in Clairefontaine, near Paris, in this October 7, 2014 file photo. France soccer International and Real Madrid striker Karim Benzema was placed under formal investigation by a French court in connection with an inquiry into an alleged attempt to blackmail fellow-France soccer international Mathieu Valbuena according to French media. Picture taken October 7, 2014. REUTERS/Charles Platiau/Files TPX IMAGES OF THE DAY
စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ်အသင်းကစားသမား ကရင့် ဘန်ဇီမာကို ပြင်သစ်အသင်း လက်ရွေးစင်အဖြစ်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ရုပ်သံနဲ့ ခြိမ်းခြောက်အကြပ်ကိုင်တဲ့ လုပ်ရပ်မှာ ပါဝင်နေတယ်လို့ စွပ်စွဲထားချက်နဲ့ပတ်သက်ပြီး စုံစမ်းမှုကို မဖြေရှင်းနိုင်သရွေ့ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ ဒီလိုရပ်ဆိုင်းလိုက်ရတာ အတော်ကို ထိခိုက်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ ဒီအတွက် ဇွန်မှာ စတင်မယ့် ယူရို ၂၀၁၆ ကို ဘန်ဇီမာအနေနဲ့ လွဲချော်နိုင်မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။ အသင်းဖော် မာသီယူ ဗာဘူနားဆီကနေ လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုနဲ့ ခြိမ်းခြောက် အကြပ်ကိုင်မှုအတွက် ပြင်သစ်တရားသူကြီးတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ဘန်ဇီမာ ရင်ဆိုင်နေရပါတယ်။ အပြစ်ရှိတယ်လို့ တွေ့ရှိရရင်တော့ ထောင်ဒဏ် ၅ နှစ် ကျခံရမှာ ဖြစ်ပြီး ဘန်ဇီမာကတော့ ဒီဖြစ်ရပ်ကို ငြင်းဆန်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up