ယူရိုပါလိဂ်ပွဲစဉ် တော့တင်ဟမ်ဟော့စပါး ၄ – ၁ မိုနာကို (ရုပ်သံဟိုက်လိုက်)

1.2K
ယူရိုပါလိဂ် အုပ်စု ဂျေ က တော့တင်ဟမ်ဟော့စပါးနဲ့ မိုနာကိုတို့ ဒီဇင်ဘာ ၁၀ ရက်ညက ယှဉ်ပြိုင်ကစားရာ စပါးက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
စပါးအတွက် ဂိုးတွေကို ၃ မိနစ်၊ ၁၅ မိနစ်နဲ့ ၃၈ မိနစ်တို့မှာ လာမယ်လာ (Erik Lamela) တဦးတည်းက ဟက်ထရစ်သွင်းယူခဲ့ပြီး ၇၈ မိနစ်မှာ ကာရိုး (Thomas Carroll) က စတုတ္ထဂိုး သွင်းပေးခဲ့တာပါ။
မိုနာကိုအတွက် နှစ်သိမ့်ဂိုး တဂိုးကိုတော့ ၆၁ မိနစ်မှာ အယ်လ်ရှာရာဝီ (Stephan El Shaarawy) က သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စုက တခြားပွဲစဉ်အဖြစ် အန်ဒါးလက်ခ်ျနဲ့ ကာရာဘတ်တို့ ကစားရာမှာတော့ အန်ဒါးလက်ခ်ျက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အုပ်စုပွဲစဉ်တွေ အကုန်ယှဉ်ပြိုင်ပြီးချိန်မှာ တော့တင်ဟမ်ဟော့စပါးက ရမှတ် ၁၃ မှတ်နဲ့ အုပ်စုပထမ၊ အန်ဒါးလက်ခ်ျက ရမှတ် ၁၀ မှတ် အုပ်စု ဒုတိယနေရာကနေ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။