A d v e r t i s e m e n t With Us

ကြိုးငြိနေသည့် ဝေလငါးကြီးကို နော်ဝေကမ်းစောင့်တပ် ကယ်တင် (ရုပ်သံ)

နော်ဝေးကမ်းစောင့်တပ် သင်္ဘောတစင်းဟာ ကြိုးနဲ့ငြိပါလာတဲ့ ဝေလငါးတကောင်ကို ကယ်တင်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီဝေလငါးဟာ ရေအောက်မှာ သူ့ခန္ဓာကိုယ်ရဲ့အကြီးဆုံးအစိတ်အပိုင်းနဲ့ ကြိုးကြီးတချောင်း ငြိနေခဲ့တာဖြစ်ပြီး သင်္ဘောသားတွေ ကယ်ဆယ်ခဲ့ပုံကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ သင်္ဘောသားတွေဟာ ငါးမျှားချိတ်ကို အသုံးပြုပြီး အဲဒီဝေလငါးကြိုးထဲမှ တဖြည်း ဖြည်းလျှောထွက်နိုင်ဖို့ ကူညီပေးခဲ့ကြတာပါ။ နော်ဝေးကမ်းစောင့်တပ် စီဂျီဗွီဟိန်းမ်ဒဲလ်သင်္ဘောမှ ဒုတိယဗိုလ် ဂျင်မီဟောင်ဂ် လန်က ဝေလငါးဟာ ကြိုးကို ကိုက်ဖြတ်ပြီး အဝေးကို ထိခိုက်ဒဏ်ရာရရှိမှုမရှိပဲ ထွက် ပြေးသွားခဲ့တယ်လို့ ပြောပါတယ်။ သင်္ဘောပေါ်ပါ အဏ္ဏ၀ါသိပ္ပံပညာရှင် အော်ဒန်ရစ်ချတ်ဆန်က “ဒီဝေလငါးဟာ အဝေးကို ထွက်ပြေးလွတ်မြောက်သွားတာ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ပုံမရဘူး”လို့ ပြောပါတယ်။ အဲဒီဝေလငါးကို နော်ဝေးနိုင်ငံ ကယ်လ်ဒ်ဂျော်ဒန်ကမ်းရိုးတန်းမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up