A d v e r t i s e m e n t With Us

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မီးထွန်းဆုတောင်းသူများကို အမှုဖွင့်

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မီးထွန်းဆုတောင်းသူတွေကို မုံရွာမြို့မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်လိုက်ပါတယ်။ ဖမ်းဆီးခံကျောင်းသားတွေ လွတ်မြောက်ရေးအတွက် မုံရွာမြို့ ရွှေစည်းခုံဘုရား ပရိဝုဏ်ထဲမှာ ဆီမီးခွက်တွေနဲ့ စာလုံးပုံဖော် ထွန်းညှိပြီး နိုဝင်ဘာ ၆ ရက်နေ့က စတင်ကာ ညစဉ်ညတိုင်း မီးထွန်းဆုတောင်းပွဲ ပြုလုပ်လာတာ တလကျော်ရှိပြီး ညတိုင်း စအဖ၊ ရဲတွေက စောင့်ကြည့် မှတ်တမ်းယူခဲ့ကြပါတယ်။ မုံရွာမြို့က ဗကသ၊ အကသ ကျောင်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ ဒီဆုတောင်းပွဲ ဦးဆောင်သူ ၆ ဦးကို မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၈ ရက်နေ့မှာ တရားလိုပြုလုပ်ပြီး မုံရွာမြို့မရဲစခန်းက ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်ကာ တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့ပါတယ်။ ဓာတ်ပုံ - အောင်ကိုလတ်  

A d v e r t i s e m e n t With Us

More News
Up