A d v e r t i s e m e n t With Us

လန်ဒန်မြို့ လမ်းမကြီးပေါ် ခေါင်မိုးပြိုကျ(ရုပ်သံ)

လန်ဒန်မြို့ရဲ့ လူစည်ကားတဲ့လမ်းမကြီးတခုပေါ်မှာ သုံးထပ်အဆောက်အအုံ ခေါင်မိုးပြိုကျခဲ့တာကို တယ်လီဂရပ်ဖ်သတင်းမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ ဟမ်းမားစမစ်နှင့် ဖူလ်ဟမ်ကောင်စီက ထုတ်ပြန်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ လူသူရှုပ် ထွေးတဲ့ အပ်စ်ဘရစ်ခ်ျလမ်းပေါ်က ရှက်ဖတ်ဒ်ဘွတ်ခ်ျဈေးဝယ်စင်တာ ဧရိယာအတွင်း ဈေးဝယ်သူတွေ ဖြတ်သန်းသွားလာနေချိန်မှာ ခေါင်မိုးပြိုကျခဲ့တာကို တွေ့ရတာပါ။ ခေါင်မိုးထပ်ကွာကျပြီး အုတ်ခဲချပ်တွေဟာ လူသွားလမ်းပေါ်ပြိုကျခဲ့တာဖြစ်ပြီး ကံကောင်းထောက်မစွာ လူတဦးတယောက်မှ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ လေပြင်းတိုက်ခတ်မှုကြောင့်ဖြစ်တယ်လို့ ဟမ်းမားစမစ်နှင့် ဖူလ်ဟမ် ကောင်စီက တွစ်တာစာမျက်နှာပေါ်မှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up