A d v e r t i s e m e n t With Us

ဥက္ကာပျံများ ကြွေကျမှု ချင်းမိုင်တွင် တွေ့ရမည်

ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီခွဲကနေ စတင်ပြီး နောက်တနေ့ မနက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဥက္ကာပျံတွေ ကြွေကျတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ၁ နာရီကို ဥက္ကာပျံ ၁၂၀ နီးပါး ကြွေကျမှာ ဖြစ်ပြီး ရာသီဥတုကြည်လင်မယ်ဆိုရင် အရှေ့မြောက် ကောင်းကင်မှာ မြင်တွေ့ရမယ်လို့ ထိုင်းနိုင်ငံ နက္ခဗေဒ သုတေသနအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးကို ကိုးကားပြီး ချင်းမိုင် စီးတီး သတင်းက ရေးပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၂၂ ရက်မှာလည်း ၁ နာရီကို ဥက္ကာပျံ ၁၀ ခုနှုန်း ကြွေကျတဲ့ ဖြစ်ရပ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ချင်းမိုင်အနီးက ထိုင်းအမြင့်ဆုံး ဒွိုင်အန်တာနွန် အမျိုးသား ဥယျာဉ်ကနေ ကြည့်ရှုဖို့လည်း ဒေသခံတွေကို အကြံပြုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up