A d v e r t i s e m e n t With Us

ခရစ္စမတ်အကြို တောင်ကိုရီးယား ရေအောက် ငါးပြတိုက်သရုပ်ပြပွဲ (ရုပ်သံ)

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်က ငါးပြတိုက်တခုမှာ ခရစ္စမတ်ပွဲတော်အကြို ရေအောက်သရုပ်ပြပွဲကို ကျင်းပခဲ့ပါတယ်။ အဲဒီသရုပ်ပြပွဲမှာ ရေငုပ်သမားတဦးက ခရစ္စမတ်ဘိုးဘိုးကြီး စန်တာကလော့ ၀တ်စုံကို ၀တ်ဆင်ပြီး တောက်ပတဲ့ငွေရောင် ဆာဒင်းငါးကောင်ရေ ၂ သောင်းကျော်ကို ပုံစံမျိုးစုံ ပုံဖော်သရုပ်ပြအစာကျွေးပြခဲ့တာပါ။ ပရိသတ်ပေါင်းများစွာ လာအားပေးခဲ့ကြတာဖြစ်ပြီး အဖြူရောင်သိန်း ငှက်ပုံဖော်တဲ့ ပြကွက်ကလည်း သရုပ်ပြပွဲရဲ့တစိတ်တပိုင်းပါပဲ။ အသက် ၄၀ အရွယ် ကင်မ်ချွန်းဆိုးက “ကျနော်ပြတိုက်တွေကို မကြာမကြာရောက်ဖြစ်ပေမယ့် ဒီလို ဆာဒင်းငါးသရုပ်ဖော်ပြကွက်ကတော့ ပထမအကြိမ် ကြည့်ဖူးတာပါ။ ခရစ္စမတ်လည်း နီးလာချိန်မှာ ခုလို စန်တာဝတ်စုံဝတ်ရေငုပ်သမားရဲ့ သရုပ်ပြမှုဟာ ကျနော့်ကလေးအတွက် အမှတ်တရဖြစ်စေပါလိမ့်မယ်” လို့ပြောပါတယ်။ ရေအောက်သရုပ်ပြပွဲကို ဒီဇင်ဘာလ ၅ ရက်နေ့တည်းက ကျင်းပခဲ့တာဖြစ်ပြီး လာမယ့် ဒီဇင် ဘာလ ၂၇ ရက်နေ့ထိ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ သရုပ်ပြတင်ဆက်တဲ့ ရေငုပ်သမား ကင်မ်ဂွမ်ဟွန်းကတော့ ခုလိုငါးတွေနဲ့အတူ ရေကူးသရုပ်ပြရတာကို နှစ်သက်တယ်လို့ ပြောပါတယ်။ “ကျနော်တို့ပြတိုက်ကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေအတွက် ဒီသရုပ်ပြပွဲကို စီ စဉ်ခဲ့ကြတာပါ။ ကျနော်တင်ဆက်နေချိန်မှာ ပရိသတ်အားပေးမှုတွေကို တွေ့ရလို့ ၀မ်းမြောက်မိပါတယ်” လို့ သူကပြောပါတယ်။ ခရစ္စမတ်ပွဲတော်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အဓိကကျတဲ့ အားလပ်ရက်ပွဲတော်တခုဖြစ်ကာ နိုင်ငံလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ သန်း ၅၀ ဟာ ခရစ်ယန်ဘာသာဝင်တွေဖြစ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up