တရုတ်တွင် ဓာတုဗေဒစက်ရုံ ပေါက်ကွဲမီးလောင်၊ ၄ ဦး ဒဏ်ရာရ (ရုပ်သံ)

1.3K
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်းပြည်နယ်မှာ ဒီဇင်ဘာ ၉ ရက် ညက ဓာတုဗေဒစက်ရုံ ပေါက်ကွဲမှုကြီးတခုကနေ မီးလောင်ခဲ့လို့ ဒေသခံ ၄ ဦး ဒဏ်ရာရပြီး ဆေးရုံမှာ ကုသပေးထားပါတယ်။
ပေါက်ကွဲမှုက ည ၇ နာရီ ၅၀ လောက်မှာ ဖြစ်ခဲ့ပြီး မီးကိုတော့ ဒီဇင်ဘာ ၁၀ ရက် မနက်မှာမှ ငြှိမ်းသတ် ပြီးစီးခဲ့ပါတယ်။
မီးလောင်ပြင်မှာ စူးရှတဲ့အနံ့တွေ ကျန်ရစ်ပါတယ်။
ဒေသခံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာနက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်နိုင်ချေအတွက် တပ်လှန့်ထားပါတယ်။
ဓာတုဗေဒစက်ရုံရဲ့ အဓိက သိုလှောင်ကုန်စည်တွေက အိုင်စို ပရိုပနောနဲ့ ထရိုင်ကလိုရို အီသလင်း ဓာတုပစ္စည်းတွေပါ။
ပေါက်ကွဲမီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။