A d v e r t i s e m e n t With Us

ရော်နယ်ဒို ချန်ပီယံလိဂ် ဂိုးသွင်းအများဆုံး စံချိန်တင်

ဓာတ်ပုံ - ရိုက်တာ
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီဇင်ဘာ ၈ ရက်က ကစားခဲ့တဲ့ မာမိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရီးရဲလ်အတွက် ၄ ဂိုး သွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်မှာ စုစုပေါင်း ၈၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံးစံချိန် တင်လိုက်ပါတယ်။ ချန်ပီယံလိဂ်မှာ ရီးရဲလ်ကစားသမားတဦး ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်နဲ့ ချန်ပီယံလိဂ် သမိုင်းတလျှောက် ၁၁ မိနစ်အတွင်း ၃ ဂိုး သွင်းနိုင်ခဲ့တဲ့ တတိယမြောက် အမြန်ဆုံး ဂိုးသွင်းနိုင်တဲ့ စံချိန်လည်း တင်လိုက်နိုင်ပါတယ်။ ချန်ပီယံလိဂ်မှာ ဒုတိယ ဂိုးအများဆုံး သွင်းထားသူကတော့ သူ့ရဲ့ပြိုင်ဘက် လီယွန်နယ် မက်ဆီဖြစ်ပြီး ၇၉ ဂိုး သွင်းထားတာပါ။ တတိယကတော့ အနားယူသွားပြီဖြစ်တဲ့ ရီးရဲလ်ကစားသမားဟောင်း ရာအူးဖြစ်ပြီး ၇၁ ဂိုး သွင်းယူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up