A d v e r t i s e m e n t With Us

ဂျူရောဆစ်ခေတ် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ခရိုင်၊ လူဖန်ဒေသက လမ်းပြုပြင်ရေး လုပ်ငန်းခွင်တခုမှာ ဂျူရောဆစ်ခေတ် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတခုကို တွေ့ရှိခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီကျောက်ဖြစ်ရုပ်ကြွင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက တွေ့ခဲ့တာဖြစ်ပြီး လူဖန်ဂိုဆောရပ်စ်မက်ဂ်နပ်စ်လို့ အမည်ပေးခဲ့ကာ သက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၈၀ လောက်က ဖြစ်တယ်လို့ ဆိုပါတယ်။ လူဖန်ဂိုဆောရပ်စ်မက်ဂ်နပ်စ် ကျောက်ဖြစ်ရုပ်ကြွင်းဟာ ၅ မီတာကျော် ရှည်လျားကာ ကျောရိုးဆစ် ၁၃ ခု၊ မြီးညှောင့်ရိုးအဆစ် ၂၂ ခု အပါအ၀င် နောက်ခြေ ၂ ချောင်း အပြည့်အစုံ ပါဝင်တယ်လို့ လူဖန်းဒေသရင်းမြစ်ဗျူရို၊ ရှေးဟောင်းဘူမိယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ရေးဌာနမှ ဒါရိုက်တာ ၀မ်တအိုက ပြောပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းရဲ့ စုစုပေါင်း တဆက်တည်းအလျားဟာ ၉ မီတာရှိနိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။ ရုပ်သံ - စီစီတီဗွီ

A d v e r t i s e m e n t With Us

More News
Up