Home
မြန်မာသတင်း
မြိတ်မြို့ အုတ်ဖုတ်လုပ်ငန်းခွင်တခုတွင် ဗုံးသီးဟောင်းများ တွေ့ရှိ
DVB
·
December 10, 2015
တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ အုတ်ဖုတ်ဖို့ ရွှံ့မြေတူးရာကနေ ဗုံးသီးဟောင်းတွေနဲ့ လက်လုပ်သေနတ်တလက် တွေ့ရှိခဲ့ပါတယ်။ မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ရွှေပေး ကျေးရွာနဲ့ တမိုင်လောက်အကွာ အုတ်ဖုတ်လုပ်ငန်းခွင်မှာ ဒီဇင်ဘာ ၈ ရက်နေ့က အုတ်ဖုတ်လုပ်သားတွေ အုတ်ဖုတ်ဖို့ သံတူရွင်းနဲ့ ရွှံ့တူးစဉ် ဆာလာအိတ်အဟောင်းတလုံးကို ထိုးမိလို့ တူးဖော်ကြည့်ရာကနေ ဗုံးတွေ တွေ့ရှိခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။ နယ်မြေခံတပ်က ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ပါကင် အသေး ၁ ထုပ်နှင့် အကြီး ၃ ထုပ် တွေ့ရှိရကြောင်း၊ အဲဒီ အထုပ်တွေထဲမှာ BA81 လက်ပစ်ဗုံးအဟောင်းနှစ်လုံး (စနက်တံမပါ) ၆ဝ မမ (BA82) စိန်ပြောင်းခွင်းဗုံး အလုံး ၂ဝ၊ လုပ် သေနတ်အတိုတစ်လက် (သံချေးတက် ပျက်စီး)၊BA81 လက်ပစ်ဗုံး အဟောင်းနှစ်လုံး (စနက်တံပါ) တွေကို ယမ်းထုပ်တွေနဲ့အတူ တွေ့ရှိခဲ့ကြောင်း သတင်းက ဆိုပတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024