ချဲလ်ဆီး ၂ – ၀ ပေါ်တို၊ ဒိုင်နမိုကိယက် ၁ – ၀ တဲလ်အဲဗက်စ် (ရုပ်သံဟိုက်လိုက်)

2.6K
ဒီဇင်ဘာ ၉ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ဂျီ ပွဲစဉ်တွေမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးက ပေါ်တိုကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။
ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးမန်နေဂျာ မော်ရင်ဟို ဖိအားတွေကနေ သက်သာရာရခဲ့ပါတယ်။
ပထမပိုင်း ၁၂ မိနစ်မှာ ချဲလ်ဆီးအသင်း တိုက်စစ်မှူး ကော်စတာ ကန်သွားတဲ့ ဘောလုံး ဂိုးသမားကိုထိပြီး ပြန်ထွက်လာတာကို ပေါ်တို နောက်ခံလူနဲ့ ထိမိပြီး ဂိုးပြန်ဝင်သွားရာက ချဲလ်ဆီးအသင်း အဖွင့်ဂိုးရရှိသွားပါတယ်။
ဒုတိယဂိုးကိုတော့ ၀ီလီယံက ပွဲချိန် ၅၂ မိနစ်မှာ သွင်းယူသွားပါတယ်။
ဒီပွဲအနိုင်ရတဲ့အတွက် ချဲလ်ဆီးဟာ ၆ ပွဲကစား ၁၃ မှတ်၊ အုပ်စု ပထမနဲ့ ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ပါတယ်။
ဒါ့အပြင် ဒုတိယအဆင့်မှာ ရီးရဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် အသင်းတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
ဒုတိယအဆင့်ပွဲစဉ်တွေကိုတော့ ဒီဇင်ဘာ ၁၄ ရက်မှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒီအုပ်စုက ယူကရိန်းကလပ် ဒိုင်နမိုကိယက်နဲ့ အစ္စရေးကလပ် တဲလ်အဲဗက်စ်တို့ ပွဲစဉ်မှာ ဒိုင်နမိုကိယက်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ပထမပိုင်း ပွဲချိန် ၁၆ မိနစ်မှာ ကိယက်အတွက် ဂါမက်ခ်ျက တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားတာ ဖြစ်ပါတယ်။
ဒီအတွက် ဒိုင်နမိုကိယက်ဟာ ပေါ်တိုအသင်းအထက် ၁ မှတ်အသာ ၆ ပွဲကစား ၁၁ မှတ်နဲ့ ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။
ပေါ်တိုကတော့ ချဲလ်ဆီးအသင်းကို ရှုံးနိမ့်သွားတဲ့အတွက် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားရမှာ ဖြစ်ပါတယ်။