A d v e r t i s e m e n t With Us

အိုင်အက်စ်ကို ထိုးစစ်ဆင်နေသည့် အမျိုးသမီးတပ်ဖွဲ့ (ရုပ်သံ)

ဆီးရီးယားမှာရှိတဲ့ အစ္စလာမ္မစ် (အိုင်အက်စ်) နိုင်ငံတော်ကို ထိုးစစ်ဆင်နေတဲ့ ကာဒစ်ရှ်လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ အမျိုးသမီးတပ်ဖွဲ့တဖွဲ့လည်း ပါဝင်နေပါတယ်။ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေအကြောင်း စီအန်အန်သတင်းဌာနက ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားပါတယ်။ အိုင်အက်စ်တွေ သူတို့ စခန်းနဲ့ နီးလာပြီလားလို့ တပ်ဖွဲ့ဝင်တွေကို  မေးခွန်းထုတ်ရာမှာတော့ အမျိုးသမီးတွေက ရယ်မောပြီး နီးလာရင်တယောက်ကိုမှ အလွတ်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အမျိုးသမီးတွေရဲ့ သတ်ဖြတ်တာကို ခံရရင် ကောင်းကင်ဘုံကို ရောက်မှာမဟုတ်ဘူးလို့ အိုင်အက်စ်တွေက ယုံကြည်ထားတဲ့အတွက် အမျိုးသမီးတွေကို ကြောက်တယ်လို့လည်း ဆိုပါတယ်။ အမျိုးသမီးတပ်ဖွဲ့တွေက အယ်လ်ဟူးမြို့ကနေ အိုင်အက်စ်တွေကို မောင်းထုတ်ရာမှာလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အိုင်အက်စ်လက်အောက်ကျရောက်ခဲ့စဉ်မြို့မှာ နေထိုင်ခဲ့တဲ့ သိုးထိန်းတဦးကတော့ ဆေးလိပ်တောင် သောက်ခွင့်မရှိသလို အမျိုးသမီးတွေဆိုရင်လည်း တကိုယ်လုံး ဖုံးအုပ်ထားရတယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up