A d v e r t i s e m e n t With Us

ရန်ကုန်စတော့အိပ်ချိန်းတွင် ရှယ်ယာရောင်းနိုင်မည့် အများပိုင်ကုမ္ပဏီကြီး ၆ ခုကို ရွေးချယ်

မြန်မာနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ရန်ကုန်စတော့အိပ်ချိန်းဈေးကွက်မှာ အစုရှယ်ယာတွေကို ၀င်ရောက်ရောင်းချနိုင်ဖို့အတွက် အများပိုင်ကုမ္ပဏီကြီး ၆ ခုကို ရွေးချယ်လိုက်ပါတယ်။ စတော့အိပ်ချိန်းမှာ ရှယ်ယာတွေ တရားဝင် ရောင်းချခွင့်ရသွားတဲ့ အများပိုင်ကုမ္ပဏီကြီးတွေထဲမှာ FMI ကုမ္ပဏီ၊ ပထမမြန်မာပုဂ္ဂလိကဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာသီလ၀ါ SEZ Holding ကုမ္ပဏီ၊ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းနဲ့ Golden Land public ကုမ္ပဏီတို့ ဖြစ်ပါတယ်။ ဒါပေမယ့် အစုရှယ်ယာတွေကတော့ လာမယ့်နှစ် ဖေဖော်ဝါရီနောက်ပိုင်းမှ စတင်ဝယ်ယူရောင်းချခွင့် ရရှိမှာဖြစ်သလို အစုရှယ်ယာတန်ဖိုးတွေကိုလည်း ဈေးကွက်ရဲ့ ပေါက်ဈေးနှုန်းထားအတိုင်း ရောင်းချခွင့် ရရှိမှာဖြစ်တယ်လို့ မြန်မာငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောပါတယ်။ ဂျပန်တိုကျိုစတော့အိပ်ချိန်း ဥက္ကဋ္ဌကတော့ မြန်မာနိုင်ငံမှာ လက်ရှိ အကောင်အထည်ပေါ်လာတဲ့ ရန်ကုန်စတော့အိပ်ချိန်း ဖွံ့ဖြိုးလာဖို့က ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိဖို့ များစွာအရေးပါတယ်လို့ သုံးသပ်ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရန်ကုန်စတော့အိပ်ချိန်း (YSX) ကို ဆူးလေဘုရားလမ်းနဲ့ ကုန်လည်လမ်းထောင့်ရှိ မြ၀တီဘဏ်ရုံးချုပ်ဟောင်း နေရာမှာ ဒီဇင်ဘာ ၉ ရက်နေ့ မနက်က  အခမ်းအနားနဲ့ တရားဝင် စတင်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up