ရှမ်းတောင် လူငယ်ကွန်ရက်၏ စစ်ပွဲရပ်တန့်ရေး ဖိုရမ် (သတင်းဓာတ်ပုံ)




1.1K
"စစ်ပွဲရပ်တန့်ရေးမှသည် ပြည်တွင်းငြိမ်းချမ်းရေးဆီသို့" ခေါင်းစဉ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း လူငယ်ကွန်ရက်က ကျင်းပတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို တောင်ကြီးမြို့၊ ရေအေးကွင်းရပ်၊ ဟုတ်ကန့်ခန်းမမှာ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေက ကျင်းပပါတယ်။
အခမ်းအနားကို ရှမ်းပြည်နယ်အတွင်းနဲ့ နိုင်ငံအနှံ့ စစ်ပွဲရပ်တန့်ရေး ပြည်သူတွေရဲ့ လက်မှတ် လိုက်ကောက်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ ရွှေဝါရောင်သံဃာတော်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ စစ်ဘေးသင့်ပြည်သူတွေက သူတို့ရဲ့ ဘ၀ရပ်တည်ချက်၊ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို လာရောက်ရင်ဖွင့်ခဲ့ပြီး ပြည်တွင်းစစ်ရပ်တန့်ရေး ပန်းချီ၊ ကဗျာနဲ့ ပါဖေါမန့်ပုံစံ၊ တေးသီချင်းတွေနဲ့ တင်ဆက်ခဲ့တာပါ။
စစ်ပွဲတွေရပ်တန့်ရေးအတွက် ပြည်သူတွေ ရေးထိုးထားတဲ့လက်မှတ် ၉၀၀၀ လောက် ကောက်ခံရရှိခဲ့ပါတယ်လို့ ဆိုပါတယ်။
အခမ်းအနား ဒုတိယနေ့မှာ အမ်ပီစီမှ ဦးခွန်ဥက္ကာ၊ ၈၈ သံဃာပျိုများဥက္ကဋ္ဌ ဦးခေမာနန္ဒနဲ့ ရွှေဝါရောင်ဆရာတော် ဦးသြဘာသတို့ တက်ရောက်ခဲ့ကြပါတယ်။
သတင်းဓာတ်ပုံ - ကိုဇက်