A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နှစ်ရပ်ဥက္ကဋ္ဌများနှင့် တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့ ရုံးခန်းမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ခုလို လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌတွေနဲ့ အတူတွေ့ဆုံတာဟာ ပထမဆုံး ဖြစ်ပါတယ်။ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ သတင်းထုတ်ပြန်လေ့ မရှိပေမယ့် အစိုးရဖွဲ့တော့မယ့် အန်အယ်လ်ဒီအနေနဲ့ ကြုံတွေ့ရမယ့် စိန်ခေါ်မှု၊ အခက်အခဲတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးနေတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up