အကြမ်းဖက်မှုဆန့်ကျင်ရေး ထောက်လှမ်းရေးအဖွဲ့ ဂျပန်ဖွဲ့စည်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး။ (ဓာတ်ပုံ - ရိုက်တာ)
1.1K
ဂျပန်အစိုးရက နိုင်ငံတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး စွမ်းရည်တွေ အားဖြည့်ဖို့ အကြမ်းဖက်မှုဆန့်ကျင်ရေး ထောက်လှမ်းရေးအဖွဲ့ကို ဒီဇင်ဘာ ၈ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်မှာ ဖွဲ့စည်းလိုက်တဲ့ အကြမ်းဖက်မှု တုံ့ပြန်ရေး တပ်ဖွဲ့မှာ တိုကျိုနဲ့ နိုင်ငံရပ်ခြား ဂျပန်သံတမန်လုပ်ငန်းတွေက လူအယောက် ၄၀ လောက် ပါတယ်လို့ အရာရှိတွေက ပြောပါတယ်။
နိုင်ငံတကာမှာ အကြမ်းဖက်မှုဆိုင်ရာ မတော်တဆမှုတွေ တရစပ်ဖြစ်နေလို့ ခုလို ဖွဲ့စည်းတာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖုမီယို ခိရှိဒက အစည်းအဝေးမှာ ပြောပါတယ်။
"ဂျပန်ပြည်သူတွေဟာ အကြမ်းဖက်မှုဆန့်ကျင်ရေး လုပ်ဆောင်ချက်တွေကို ပြင်ဆင်ဖို့ အစိုးရကို အင်မတန် မျှော်လင့်ထားမယ်ဆိုတာ ကျနော်သိတယ်" လို့လည်း သူက ဆက်ပြောပါတယ်။
အခု ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်အစိုးရဟာ အကြမ်းဖက်မှုဆန့်ကျင်ရေး လုပ်ဆောင်ချက်တွေအတွက် အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၅၇ သန်း သုံးလိမ့်မယ်လို့ အစိုးရ သတင်းရင်းမြစ်က ပြောပါတယ်။
ဂျပန်ဟာ လာမယ့်နှစ် မေလမှာ ထိပ်သီးညီလာခံ ၇ ရပ်ကို တည်ခင်းဖို့ ပြင်ဆင်နေတာပါ။
အကြမ်းဖက်မှုဆန့်ကျင်ရေး ခြေလှမ်းတွေထဲမှာ တိုကျိုနဲ့ တခြားဒေသတွေက နိုင်ငံခြားသံရုံးတွေ၊ အစိုးရရုံးတွေ ပတ်လည်မှာ လုံခြုံရေး တိုးမြှင့်ဖို့နဲ့ နိုင်ငံခြားက သတင်းအချက်အလက်တွေ စုစည်းယူဖို့ ပါဝင်ပါတယ်။