A d v e r t i s e m e n t With Us

ငါးဖမ်းလှေအရွယ်သာ မြင်ရမည့် အမေရိကန် ကိုယ်ပျောက်စစ်သင်္ဘော (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ရေတပ်က တည်ဆောက်ထားတဲ့ ကိုယ်ပျောက် စစ်သင်္ဘောဟာ ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ သင်္ဘောတည်ဆောက်သူ၊ သဘောင်္သားနဲ့ ဒေသခံ ၂၀၀ နီးပါးက ၁၈၃ မီတာရှည်ပြီး တန် ၁၃၆၀၀ လေးတဲ့ ယူအက်စ်အက်စ် ဇန်ဝေလ် (USS Zumwalt) သင်္ဘော ဒီဇင်ဘာ ၇ ရက်က ပင်လယ်ထဲ စတင်ထွက်ခွာတာကို လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ အမေရိကန်ရေတပ် ပင်လယ်ဆိုင်ရာ ညွှန်ကြားရေးဌာနကလည်း ပထမဆုံးအကြိမ် သင်္ဘော ပင်လယ်ထဲ ထွက်ခွာတယ်ဆိုတာကို လူမှုရေးကွန်ရက် တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒီသင်္ဘောပေါ်မှာ ရေဒါ၊ အသံလှိုင်းနဲ့ ရေအောက်က အရာဝတ္ထုတွေကို ရှာဖွေတဲ့ ဆိုနာ၊ ဒုံး၊ သေနတ်တွေ ပါဝင်ပါတယ်။ သင်္ဘောက ကြီးမားပေမယ့် ရေဒါပေါ်မှာ ငါးဖမ်းသင်္ဘောငယ်တစင်းစာလောက်ပဲ ပေါ်မယ်လို့ ဆိုပြီး ဒီသင်္ဘောဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံ ကုန်ကျခဲ့ပါတယ်။ ပင်လယ်ထဲကို ရေမချမီ ကန်နီဘတ်မြစ်ပေါ်မှာ လှည့်လည်မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up