A d v e r t i s e m e n t With Us

ရန်ကုန်တွင် မီး​လောင်၊​ အဘိုး​အိုတဦး​ ​သေဆုံး

ရန်ကုန်တိုင်း​ဒေသကြီး​ လသာမြို့​နယ်မှာ ဒီက​နေ့​ မွန်း​လွဲပိုင်း​က  မီး​လောင်မှုဖြစ်ပွား​ပြီး​ လူတဦး​ အသက်ဆုံး​ရှုံး​သွား​တယ်လို့​ ဗဟိုမီး​သတ်ဌာနက ​ပြောပါတယ်။ “လသာမြို့​နယ် ၁၈ လမ်း​ ​အောက်လမ်း​မှာပါ။ စ​လောင်ချိန်က ၁၂း​ ၅၅ ပါ။ ၁၃း​ ၂၅ မှာ ငြိမ်း​ပါတယ်။ လူအ​သေအ​ပျောက်က တ​ယောက်ပဲ ရပါ​သေး​တယ်။ ဦး​ကျော်သိန်း​ကျော်ပါ။ အသက် (၇၇) ပါ။ မီး​ငြိမ်း​ပါပြီ။ အ​ကြောင်း​ရင်း​ရှာတုန်း​ပါ” လို့​ တာဝန်ကျ မီး​သတ်အရာရှိက ​ပြောပါတယ်။ ဒီဗွီဘီက သီး​ခြား​စုံစမ်း​ချက်အရ ဝါယာ​ရှော့​ဖြစ်ပွား​ရာက​နေ မီး​လောင်ကျွမ်း​ခဲ့​တာလို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up