ပုပ်ရဟန်းမင်းကြီး ဖရန်စစ် စိန့်ပီတာဘုရားကျောင်း အ၀င်တံခါးကြီး ဖွင့်လှစ် (ရုပ်သံ)

1.4K
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီဇင်ဘာ ၈ ရက်နေ့က ဗာတီကန်နန်းတော်၊ စိန့်ပီတာ ဘဆလ်လီကာ ဘုရားကျောင်း အ၀င်တံခါးကြီးကို ဖွင့်ပေးလိုက်ပြီး ရိုမန်ကက်သလစ် ဘာသာဝင်တွေရဲ့ ကရုဏာနှစ်သစ်ကို စတင်လိုက်ပါတယ်။
ဘုရားကျောင်း ကြေးတံခါးကြီးဖွင့်ပွဲ မတိုင်ခင် စိန့်ပီတာရင်ပြင်မှာ ၀တ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ပြီး တက်ရောက်သူ ၇ သောင်းလောက်ရှိတယ်လို့ ဗာတီကန်နန်းတော်က ပြောပါတယ်။
ဒီကြေးတံးခါးကြီးကို ၂၅ နှစ် တကြိမ်၊ ဒါမှမဟုတ် ပုပ်ရဟန်းမင်းရဲ့အမိန့်နဲ့ ကြားနှစ်တွေမှာ ဖွင့်လှစ်တာဖြစ်ပြီး အခုလို မြင့်မြတ်တဲ့ ဘာသာရေးနှစ်မှာ ဒီတံခါးကြီးကို ဖြတ်သန်းဝင်ရောက်သူတွေဟာ ပြုလုပ်ခဲ့တဲ့ မကောင်းမှု ကင်းစင်တယ်လို့ ယုံကြည်ကြပါတယ်။
ဒီတံခါးကြီးကို ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က နောက်ဆုံးဖွင့်လှစ်ခဲ့ပြီး အဲဒီတုန်းက ပုပ်ရဟန်းမင်းကြီးဖြစ်ခဲ့တဲ့ ဒုတိယမြောက် ပုပ်ဂျွန်ပေါလ်က ဖွင့်လှစ်ပေးခဲ့တာပါ။
ဘာသာရေးအခမ်းအနားကို သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဂုဏ်ထူးဆောင် ပုပ်ရဟန်းမင်း ဘန်နာဒစ်ခ်လည်း တက်ရောက်ခဲ့ပါတယ်။
အခမ်းအနား ကျင်းပစဉ်အတွင်း ဗာတီကန်နန်းတော် လုံခြုံရေးကို အထူးကြပ်မတ်ခဲ့ပြီး ရောမမြို့တော်နဲ့ ပတ်ဝန်းကျင်မှာ လေယာဉ်မပျံသန်းရဇုန်လည်း သတ်မှတ်ခဲ့ပါတယ်။
အခုလို နှစ်ပြည့်ပွဲတော်အခါသမယဟာ ရိုမန်ကက်သလစ် ဘာသာဝင်တွေရဲ့ အဓိကပွဲတော်တွေထဲက တခုဖြစ်ပြီး ကမ္ဘာတ၀န်းက ဘုရားဖူးတွေ ရောမမြို့တော်နဲ့ ကမ္ဘာတ၀န်း ဘာသာရေးခရီး ထွက်ကြတာလည်း ဖြစ်ပါတယ်။