Home
ဆောင်းပါး
လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင်ပုဂ္ဂိုလ်များ​ အပိုင်း​ (၁)
DVB
·
July 12, 2011
လူ့​သမိုင်း​မှာ လူ့​အခွင့်​အ​ရေး​ဆိုတဲ့​ စကား​လုံး​ကို တွင်တွင်ကျယ်ကျယ် သုံး​စွဲလာခဲ့​တာ သိပ်မကြာ​သေး​ပါဘူး​။ လူ့​အခွင့်​အ​ရေး​ ​ကြေညာစာတမ်း​ ဆိုပြီး​ ကုလသမဂ္ဂအဖွဲ့​ကြီး​က ထုတ်ပြန်​ကြေညာခဲ့​တာလည်း​ ယခု ၂ဝ၁၁ ခုနှစ်က ပြန်​ရေတွက်မယ်ဆိုရင် ၆၃ နှစ်ပဲ ရှိပါ​သေး​တယ်။ မြန်မာနိုင်ငံမှာ​တော့​ လူ့​အခွင့်​အ​ရေး​ဆိုတဲ့​ စကား​ကို လူ​ပြောသူ​ပြော များ​လာတာဟာ ၁၉၈၈ ခုနှစ် လူထုအ​ရေး​တော်ပုံကြီး​ ​နောက်ပိုင်း​ကာလမှာ ဖြစ်ပါတယ်။ များ​သောအား​ဖြင့်​ ဒီမိုက​ရေစီနဲ့​ လူ့​အခွင့်​အ​ရေး​ဆိုပြီး​ တွဲသုံး​တတ်ပါတယ်။ ၁၉၆၂ ခုနှစ်ကစပြီး​ စစ်အာဏာရှင်ရဲ့​ လက်​အောက်ကို ကျ​ရောက်ခဲ့​ရတဲ့​ မြန်မာနိုင်ငံသား​များ​အ​နေနဲ့​ လူ​ထောင်​ပေါင်း​များ​စွာ အသက်ကို စ​တေး​ပြီး​မှ ဒီစကား​လုံး​တွေကို ​ပြောခွင့်​ရလာခဲ့​တာပါ။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီး​မတိုင်မီ ဆိုရှယ်လစ်​ခေတ်က ဆိုရင် ဒီစကား​လုံး​တွေကို သိမြင်​ပြောကြား​တဲ့​သူ အလွန်နည်း​ပါး​ခဲ့​ပါတယ်။ ကုလသမဂ္ဂ လူ့​အခွင့်​အ​ရေး​ကြေညာစာတမ်း​ကို မြန်မာဘာသာနဲ့​ထုတ်​ဝေဖြန့်​ချိခဲ့​ဖူး​ပေမယ့်​ လူထုကြား​ထဲ မပျံ့​နှံ့​ခဲ့​ပါဘူး​။ အ​ခြေခံပညာ ​ကျောင်း​သား​များ​အတွက် အလွယ်တကူ နား​လည်​အောင် ပြန်လည်​ရေး​သား​ထား​တဲ့​ လူ့​အခွင့်​အ​ရေး​ကြေညာစာတမ်း​ကို သတင်း​စာဆရာကြီး​ ဦး​ညိုမြက သူ့​ရဲ့​ အိုး​ဝေဂျာနယ်မှာ ဘာသာပြန်ဆို ထည့်​သွင်း​ခဲ့​ဖူး​ပါတယ်။ ဒါကိုလည်း​ အာရုံစိုက်မိတဲ့​သူ အ​ရေအတွက် မများ​လှပါ။ ဦး​ညိုမြရဲ့​ ဘာသာပြန်မူကို ၁၉၈၈ ခုနှစ် လူထုအ​ရေး​တော်ပုံအတွင်း​မှာ ဖြန့်​ချိတာ ​တွေ့​ရပါတယ်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှာ ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံကြီး​က လူ့​အခွင့်​အ​ရေး​ကြေညာစာတမ်း​ကို ထုတ်ပြန်​ကြေညာပါတယ်။ အခုအချိန်မှာ အဖွဲ့​ဝင် နိုင်ငံ​ပေါင်း​ ၁၉၂ နိုင်ငံ ရှိ​နေပြီဖြစ်တဲ့​ ကုလသမဂ္ဂအဖွဲ့​ကြီး​ဟာ အဲဒီ ၁၉၄၈ ခုနှစ်တုန်း​ကဆိုရင် အဖွဲ့​ဝင် နိုင်ငံ​ပေါင်း​ ၅၈ နိုင်ငံသာ ရှိပါ​သေး​တယ်။ လူ့​အခွင့်​အ​ရေး​ ​ကြေညာစာတမ်း​ကြီး​ကို အဖွဲ့​ဝင်နိုင်ငံ ၅ဝ က ​ထောက်ခံခဲ့​ပြီး​ ကျန်တဲ့​ ၈ နိုင်ငံက​တော့​ ကန့်​လည်း​ မကန့်​ကွက် ​ထောက်လည်း​ မ​ထောက်ခံ ကြား​နေခဲ့​ပါတယ်။ အဲသည်တုန်း​က မြန်မာနိုင်ငံဟာ ​ထောက်ခံမဲ ​ပေး​ခဲ့​တဲ့​ နိုင်ငံဖြစ်ပါတယ်။ လူ့​အခွင့်​အ​ရေး​ကြေညာစာတမ်း​ကြီး​ကို ပထမဆုံး​ ​ထောက်ခံမဲ​ပေး​တဲ့​ နိုင်ငံများ​အတွင်း​ ပါဝင်ခဲ့​တဲ့​ မြန်မာနိုင်ငံဟာ ဒီ​နေ့​ဒီအချိန်မှာ​တော့​ ကမ္ဘာ​ပေါ်မှာ လူ့​အခွင့်​အ​ရေး​ အချိုး​ဖောက်ဆုံး​ နိုင်ငံတခု ဖြစ်​နေပါပြီ။ မြန်မာပြည်သူလူထုအ​နေနဲ့​ လူ့​အခွင့်​အ​ရေး​ဆိုတဲ့​ စကား​လုံး​ကို ထုတ်​ဖော်​ပြောဆိုနိုင်​နေ​ပေမယ့်​ ကုလသမဂ္ဂရဲ့​ လူ့​အခွင့်​အ​ရေး​ ​ကြေညာစာတမ်း​ထဲက အခွင့်​အ​ရေး​တွေကို​တော့​ လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင် မရ​သေး​ပါဘူး​။ လူ့​အခွင့်​အ​ရေး​ ​ကြေညာစာတမ်း​ ​ရေး​သား​ထား​တဲ့​ စာရွက်​တွေကို လူထုကြား​မှာ ဖြန့်​ဝေတယ်ဆိုရင် အဖမ်း​ခံရတာမျိုး​တွေ ရှိ​နေပါ​သေး​တယ်။ လူ့​အခွင့်​အ​ရေး​ကို အမျိုး​မျိုး​ချိုး​ဖောက်​နေတဲ့​ အစိုး​ရကလည်း​ လူ့​အခွင့်​အ​ရေး​ဆိုတာ ဗိုလ်ကျစိုး​မိုး​ချင်တဲ့​ အ​နောက်နိုင်ငံများ​က မကြာခင်ကမှ တီထွင်လိုက်တဲ့​ အရာတခုလိုမျိုး​ ဝါဒဖြန့်​နေခဲ့​ပါတယ်။ လူ့​အခွင့်​အ​ရေး​ဆိုတာ အ​နောက်နိုင်ငံသား​တွေနဲ့​သာ သက်ဆိုင်ပြီး​ အ​ရှေ့​တိုင်း​ယဉ်​ကျေး​မှုနဲ့​ ဆန့်​ကျင်​နေသလိုမျိုး​ စွပ်စွဲ​ပြောကြ​နေတာလည်း​ ရှိပါ​သေး​တယ်။ လူ့​အခွင့်​အ​ရေး​ဆိုတဲ့​ အရာဟာ မျက်​မှောက်​ခေတ်မှာမှ ​ပေါ်​ပေါက်လာတဲ့​အရာ မဟုတ်ပါဘူး​။ လွန်ခဲ့​တဲ့​နှစ်​ပေါင်း​ ၄ဝဝဝ ​ကျော်က အာဖရိကတိုက် မက်ဆို ပို​တေး​မီး​ယား​နိုင်ငံမှာ ​ပေါ်​ပေါက်ခဲ့​တဲ့​ ဟမ်မူရာဘီကိုဓ ဥပ​ဒေမှာ လူ့​အခွင့်​အ​ရေး​ တချို့​ ပါဝင်​နေတယ်လို့​ သမိုင်း​ပညာရှင်များ​က ဆိုပါတယ်။ ဟမ်မူရာဘီကိုဓ ဥပ​ဒေထဲမှာ အမျိုး​သမီး​အခွင့်​အ​ရေး​၊​ က​လေး​သူငယ်အခွင့်​အ​ရေး​၊​ ​ကျေး​ကျွန်အခွင့်​အ​ရေး​ စသဖြင့်​ ပါရှိခဲ့​ပါတယ်။ စာ​ပေအ​ရေး​အသား​နဲ့​ ခိုင်ခိုင်မာမာ​တွေ့​တာက​တော့​ ၁၈၇၉ ခုနှစ်တုန်း​က အီရန်နိုင်ငံမှာ ​တွေ့​ခဲ့​တဲ့​ ဆလင်ဒါပုံ ရွှံ့​တုံး​တတုံး​ပေါ်က အ​ထောက်အထား​ဖြစ်ပါတယ်။ ဒီစာကို ​ရေး​သား​ခဲ့​တဲ့​အချိန်က အင်ပါယာအရှင် ဘုရင်ကြီး​ ပိုင်း​ရတ်အုပ်ချုပ်ခဲ့​တဲ့​ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၂၆ဝဝ ​လောက်က ဖြစ်ပြီး​ အဲဒီအချိန်က အီရန်နိုင်ငံလို့​ မ​ခေါ်ဘဲ ပါး​ရှား​နိုင်ငံလို့​ ​ခေါ်ခဲ့​ပါတယ်။ အဲဒီရွှံ့​တုံး​ပေါ်မှာ ​ရေး​သား​ထား​တာ​တွေက ဘုရင်ကြီး​ပိုင်း​ရတ်ရဲ့​ အမိန့်​ပြန်တမ်း​တွေဖြစ်ပြီး​ ​ကျေး​ကျွန်​တွေကို လွတ်လပ်ခွင့်​ပေး​တာ​တွေ၊​ အလုပ်သမား​တွေကို လုပ်အား​ခ ​ပေး​တာ​တွေ၊​ ဘာသာ​ရေး​ လွတ်လပ်ခွင့်​ပေး​တာ​တွေ ပါဝင်ပါတယ်။ ဒီအမိန့်​ပြန်တမ်း​ပါတဲ့​ ရွှံ့​တုံး​ကြီး​ကို ဗြိတိသျှပြ တိုက်မှာ သိမ်း​ဆည်း​ ပြသထား​ပါတယ်။ ဒီရွှံ့​တုံး​အတိုင်း​ ပြုလုပ်​ရေး​သား​ထား​တဲ့​ ပုံတူတခုက​တော့​ အ​မေရိကန်ပြည်​ထောင်စု နယူး​ယောက်မြို့​က ကုလသမဂ္ဂရုံး​ချုပ်မှာ ရှိပါတယ်။ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၂၃ဝဝ ​လောက်က အိန္ဒိယနိုင်ငံမှာ ​ပေါ်ထွန်း​ခဲ့​တဲ့​ အာ​သောကမင်း​ကြီး​ လက်ထက်မှာလည်း​ တိုင်း​သူပြည်သား​များ​ကို လူ့​အခွင့်​အ​ရေး​တချို့​ကို ​ပေး​ခဲ့​တာ ​တွေ့​ရပြန်ပါတယ်။ ဘာသာ​ရေး​၊​ နိုင်ငံ​ရေး​ ဇာတ် ခွဲခြား​မှု မရှိတာ​တွေ၊​ အခမဲ့​ပညာ​ရေး​၊​ အခမဲ့​ ​ဆေး​ကုသမှု၊​ လူအချင်း​ချင်း​ ချစ်ကြည်ရင်း​နှီး​မှု၊​ အကြမ်း​မဖက်မှု စသဖြင့်​ ဒီက​နေ့​ လူ့​အခွင့်​အ​ရေး​ဆိုတာ​တွေရဲ့​ အ​ခြေခံအချက်တချို့​ကို အာ​သောကမင်း​ကြီး​ရဲ့​ ​ကျောက်စာမှာ ​တွေ့​ရပါတယ်။ မြန်မာလူမျိုး​တွေအ​နေနဲ့​ အာ​သောကမင်း​ကြီး​နဲ့​ ပတ်သက်ရင် ​ရေတွင်း​ပေါင်း​ ရှစ်​သောင်း​လေး​ထောင်၊​ ​ရေကန်​ပေါင်း​ရှစ်​သောင်း​လေး​ထောင် လှူဒါန်း​ခဲ့​တယ် ဆိုတာ​လောက်ပဲ သိ​နေခဲ့​တာပါ။ တကယ်​တော့​ အာ​သောက မင်း​ကြီး​ဟာ လူ့​အခွင့်​အ​ရေး​တွေလည်း​ ​ပေး​ခဲ့​တဲ့​သူ ဖြစ်ပါတယ်။ ဒီအ​ထောက်အထား​တွေအရ လူ့​အခွင့်​အ​ရေး​ဆိုတာဟာ အ​ရှေ့​တိုင်း​ဒေသမှာ ​ရှေး​ကတည်း​က ရှိခဲ့​ဖူး​တဲ့​ အရာ​တွေလို့​ ​ပြောနိုင်ပါတယ်။ ဒါ​ကြောင့်​ လူ့​အခွင့်​အ​ရေး​ဆိုတာကို အ​နောက်နိုင်ငံများ​ရဲ့​ တီထွင်ဖန်တီး​မှုအဖြစ် အ​ရှေ့​တိုင်း​ဒေသက အာဏာရှင်အစိုး​ရများ​ ​ပြောဆို​နေကြတာဟာ သမိုင်း​ကို ​ဖျောက်ဖျက်တာပဲ ဖြစ်​နေပါတယ်။ အ​နောက်တိုင်း​မှာ​တော့​ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ဂဝဝ ​လောက်က အင်္ဂလန်က ဘုရင်ဂျွန်လက်ထက်မှာ ​ပေါ်​ပေါက်ခဲ့​တဲ့​ မဂ္ဂနာကာတာ ​ကြေညာစာတမ်း​ဟာ လူ့​အခွင့်​အ​ရေး​တချို့​ကို ​ဖော်ထုတ်နိုင်ခဲ့​တဲ့​ စာတမ်း​အဖြစ် နာမည်ကြီး​ပါတယ်။ အစိုး​ရကို ဖွဲ့​စည်း​ပုံ အ​ခြေခံဥ​ပေဒ​အောက်မှာ ထား​ဖို့​ စတင်လုပ်​ဆောင်ခဲ့​တဲ့​ စာတမ်း​ဖြစ်ပါတယ်။ မဂ္ဂနာကာတာ ​ကြေညာစာတမ်း​နဲ့​ တချိန်တည်း​မှာလိုပဲ အာဖရိကတိုက် မာလီနိုင်ငံမှာ အုပ်စိုး​ခဲ့​တဲ့​ ဆွန်ဒီယာတာကိတ္တဆိုတဲ့​ ဘုရင်ကလည်း​ လူ့​အခွင့်​အ​ရေး​တချို့​ကို ​ပေး​ခဲ့​ပါတယ်။ ​ကျေး​ကျွန်စနစ်ကို ဖျက်သိမ်း​ပေး​ခဲ့​ပြီး​ ပုဂ္ဂလိကအခွင့်​အ​ရေး​တချို့​ကို ​ပေး​ခဲ့​တယ်လို့​ ဆိုပါတယ်။ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၃ဝဝ ​ကျော်က အင်္ဂလန်နိုင်ငံမှာ ​ပေါ်ထွန်း​ခဲ့​တဲ့​ ပညာရှိကြီး​ ဂျွန်​လောက်က လူ့​အခွင့်​အ​ရေး​ရဲ့​ အ​ခြေခံ သဘာဝအခွင့်​အ​ရေး​ ဆိုတာကို စနစ်တကျ စပြီး​ တင်ပြ​ရေး​သား​ခဲ့​ပါတယ်။ ဒီအချိန်ကစလို့​ လူ့​အခွင့်​အ​ရေး​နဲ့​ဆိုင်တဲ့​ ဖြစ်ရပ်ကြီး​တွေဟာ အ​နောက်တိုင်း​ကမ္ဘာမှာ ဖြစ်ပွား​လာခဲ့​ပါတယ်။ ၁၇၇၆ ခုနှစ်မှာ ဖြစ်ပွား​ခဲ့​တဲ့​ အ​မေရိကန်​တော်လှန်​ရေး​နဲ့​ ၁၇၈၉ ခုနှစ်မှာ ဖြစ်ပွား​ခဲ့​တဲ့​ ပြင်သစ်​တော်လှန်​ရေး​တွေ​ကြောင့်​ လူ့​အခွင့်​အ​ရေး​များ​ကို လူသား​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ စတင်ရရှိခဲ့​ပါတယ်။ အ​မေရိကန်လွတ်လပ်​ရေး​ကြေညာစာတမ်း​နဲ့​ ပြင်သစ် လူ့​အခွင့်​အ​ရေး​ကြေညာစာတမ်း​တွေမှာ အသက်ရှင်သန်ခွင့်​ လွတ်လပ်စွာ ​နေထိုင်ခွင့်​ ​ပျော်ရွှင်ချမ်း​မြေ့​မှု ရပိုင်ခွင့်​ စတာ​တွေကို အတိအလင်း​ ​ဖော်ပြခဲ့​ပါတယ်။ နောက်​တော့​ လူ့​အခွင့်​အ​ရေး​၊​ နိုင်ငံသား​အခွင့်​အ​ရေး​ စတာ​တွေကို အကျယ်တဝန်း​ ထုတ်​ဖော်​ရေး​သား​မှု​တွေ ​ပေါ်လာပါတယ်။ ​သောမတ်ပိန်း​၊​ ဂျွန်စတူး​ဝပ်မီး​လ်၊​ ​ဟေဂယ်လ် စတဲ့​ ပညာရှိသုခမိန်ကြီး​များ​က လူသား​ရဲ့​ ရပိုင်ခွင့်​တွေကို ​ရေး​သား​တင်ပြခဲ့​ပါတယ်။ ဒီလို ပညာရှိကြီး​များ​ထဲမှာ ထင်ရှား​တဲ့​ တ​ယောက်က​တော့​ အ​မေရိကန်​တွေး​ခေါ်ရှင်ကြီး​ ဟင်နရီ​ဒေး​ဗစ်​သောရိုး​ ဖြစ်ပါတယ်။ သူဟာ လူ့​အခွင့်​အ​ရေး​ (Human Rights) ဆိုတဲ့​ စကား​လုံး​ကို ပထမဆုံး​ စတင်သုံး​စွဲခဲ့​သူ ဖြစ်တယ်လို့​ တချို့​က ဆိုကြပါတယ်။ တွေး​ခေါ်ရှင်ကြီး​သောရိုး​ရေး​သား​ခဲ့​တဲ့​ နိုင်ငံ​ရေး​အာခံမှု စာတမ်း​ကြီး​ဟာ လူ့​အခွင့်​အ​ရေး​သမိုင်း​မှာ အလွန်အ​ရေး​ပါတဲ့​ စာတမ်း​ ဖြစ်ပါတယ်၊​၊​ ဒီစာတမ်း​က အိန္ဒိယလွတ်လပ်​ရေး​ခေါင်း​ဆောင်ကြီး​ မဟတ္တမဂန္ဓီနဲ့​ အ​မေရိကန် လူမဲအခွင့်​အ​ရေး​ခေါင်း​ဆောင် မာတင်လူသာကင်း​တို့​အ​ပေါ် အလွန်ဩဇာ လွှမ်း​ခဲ့​တယ်လို့​ ဆိုပါတယ်။ နိုင်ငံ​ရေး​ခေါင်း​ဆောင်များ​၊​ လူထု​ခေါင်း​ဆောင်များ​၊​ ပညာရှိသုခမိန်ကြီး​များ​ရဲ့​ အဆင့်​ဆင့်​ကြိုး​ပမ်း​မှု​တွေနဲ့​ လူ့​အခွင့်​အ​ရေး​ ဆိုတာ​တွေကို လူ​တွေ သိမြင်သ​ဘော​ပေါက်လာပြီး​ တချို့​တဝက်ခံစား​ရရှိလာခဲ့​ကြ​ပေမယ့်​ လူသား​အား​လုံး​အတွက် တ​ပြေး​ညီ ရရှိရမယ့်​ လူ့​အခွင့်​အ​ရေး​ အချက်အလက်​တွေကို စနစ်တကျ ​ဖော်ထုတ်ခဲ့​တာက​တော့​ ကုလသမဂ္ဂအဖွဲ့​ကြီး​ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာ ကုလသမဂ္ဂအဖွဲ့​ကြီး​ကို စတင်ဖွဲ့​စည်း​တည်​ထောင်ခဲ့​ပြီး​ ကုလသမဂ္ဂ သ​ဘောတူစာတမ်း​ကြီး​ထဲမှာ လူ့​အခွင့်​အ​ရေး​ဆိုတာကို ​သေ​သေချာချာ ထည့်​သွင်း​ခဲ့​တာ ဖြစ်ပါတယ်။ ဒီက​နေ လူ့​အခွင့်​အ​ရေး​ကော်မရှင်ဆိုတာကို ဖွဲ့​စည်း​ပြီး​ ပညာရှင်အဖွဲ့​နဲ့​ သုံး​နှစ်ကြာ ​ရေး​ဆွဲခဲ့​တာပါ။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်မှာမှ အပိုဒ် ၃ဝ ပါဝင်တဲ့​ လူ့​အခွင့်​အ​ရေး​ ​ကြေညာစာတမ်း​ကြီး​ကို ​ကြေညာနိုင်ခဲ့​တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024