မန်စီးတီး ၄ – ၂ မိုချန်ဂလာဘတ်၊ ဆီဗီလာ ၁ – ၀ ဂျူဗင်တပ် (ရုပ်သံဟိုက်လိုက်)

3.9K
ဒီဇင်ဘာ ၈ ရက်ညက ချန်ပီယံလိဂ် အုပ်စု ဒီ နောက်ဆုံးပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနဲ့ ဂျာမန်ကလပ် မိုချန်ဂလာဘတ်တို့ ယှဉ်ပြိုင်ရာ အိမ်ရှင်မန်စီးတီးက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်စီးတီးအတွက် ဂိုးတွေကို ၁၆ မိနစ်မှာ ဆေးလ်ဗား (David Silva) က ၁ ဂိုး၊ ၈၀ နဲ့ ၈၂ မိနစ်မှာ စတာလင် (Raheem Sterling) တဦးတည်း ၂ ဂိုးနဲ့ ၈၅ မိနစ်မှာ ဘိုနီ (Wilfried Bony) က ၁ ဂိုး သွင်းယူပေးခဲ့တာပါ။
မိုချန်ဂလာဘတ်အတွက် ဂိုးတွေကို ၁၉ မိနစ်မှာ ဂျူလီယံ ကော့ဘ် (Julian Korb) နဲ့ ၄၃ မိနစ်မှာ ရာဖာရယ်လ် (Raffael) တို့က သွင်းယူပေးခဲ့ပါတယ်။
အုပ်စု ဒီ တခြားပွဲစဉ် စပိန်ကလပ် ဆီဗီလာနဲ့ အီတလီကလပ် ဂျူဗင်တပ်တို့ ယှဉ်ပြိုင်ရာ ဆီဗီလာက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ မန်စီးတီးက အုပ်စု ပထမ၊ ဂျူဗင်တပ်က အုပ်စု ဒုတိယနဲ့ နောက်တဆင့် တက်ရောက်သွားပြီး ဆီဗီလာကတော့ အုပ်စု တတိယနေရာပဲရလို့ ယူရိုပါလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။