A d v e r t i s e m e n t With Us

တရုတ်သမ္မတ နုတ်ထွက်ဟု မှားရေးမိသည့် သတင်းထောက် ၄ ဦး တာဝန်မှ ရပ်စဲ

တရုတ်သမ္မတ ရှီကျင့်ဖျင်။ (ဓာတ်ပုံ - Sean Gallup/Getty-Images)
တရုတ်သမ္မတ ရှီကျင့်ဖျင် နုတ်ထွက်တယ်လို့ မှားပြီး ရိုက်နှိပ်မိတဲ့ သတင်းထောက် ၄ ဦးကို တာဝန်ကနေ ရပ်စဲထားပါတယ်။ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ် အာဖရိက-တရုတ် ထိပ်သီးဆွေးနွေးပွဲကို တရုတ်သမ္မတ တက်ရောက်နေပြီး တရုတ်သတင်းဝန်ဆောင်မှု (စီအန်အက်စ်) က ဒီဇင်ဘာ ၄ ရက်နေ့ ဖော်ပြတဲ့ သတင်းတပုဒ်မှာ မှားယွင်းခဲ့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ အာဖရိကတို့ဟာ သမိုင်းပေးကံတရားကို မျှဝေနေတယ်လို့ သမ္မတက မိန့်ခွန်းမှာ ပြောကြားခဲ့တာလို့ ရေးရမယ့်အစား သမ္မတက နုတ်ထွက်တယ်လို့ ရေးသားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ တရုတ် မက်ဒရင်းမှာ မိန့်ခွန်းကို Zhi Ci လို့သုံးပြီး နုတ်ထွက်တာကို Ci Zhi လို့ သုံးစွဲတာလည်း ဖြစ်ပါတယ်။ ဒီအတွက် သမ္မတက နုတ်ထွက်တဲ့သဘောမျိုး သက်ရောက်သွားပြီး တချို့သတင်းဌာနတွေကလည်း စီအန်အက်စ်က အမှားမပြင်မချင်း ဒီသတင်းကို အသုံးပြုခဲ့ကြပါတယ်။ ဒီအတွက် သတင်းဌာနက သတင်းထောက်တွေနဲ့ တောင်အာဖရိက ဗျူရိုအကြီးအကဲလည်း ရာထူးကနေ နုတ်ထွက်ပေးရတယ်လို့ ဆောက်ချိုင်းနား မောနင်းပို့စ်က ရေးပါတယ်။

A d v e r t i s e m e n t With Us

More News
Up