တရုတ်မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားပြည်နယ် လုံခြုံရေးစခန်း တိုက်ခိုက်ခံရ

1K
တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားပြည်နယ် လုံခြုံရေး စစ်ဆေးရေးစခန်းကို မျက်နှာဖုံးစွပ် တိုက်ခိုက်ရေးသမား အယောက် ၁၀၀ လောက်က တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အစိုးရမီဒီယာက ဒီဇင်ဘာ ၇ ရက်နေ့မှာ အစီရင်ခံပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး ဒဏ်ရာရပြီး ကားအတော်များများ ပျက်စီးခဲ့ပါတယ်။
လူရမ်းကားအုပ်က ဝန်ထမ်းတွေကို ငရုတ်ကောင်းရည်တွေနဲ့ ဖျန်းပြီး ကြိုးတုပ်ခဲ့တယ်၊ မသေမချင်း ရိုက်သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ တရုတ်မီဒီယာက ပြောပါတယ်။
အတွင်းမွန်ဂိုလီးယားပြည်နယ်မှာ ကျန်ခဲ့တဲ့နှစ်တွေအတွင်း မတည်ငြိမ်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တာပါ။
တိုင်းရင်းသား မွန်ဂိုလူမျိုး မွေးမြူရေးသမားတွေက ဒေသတွင်း သတ္တုတွင်းလုပ်ငန်းတွေကြောင့် သူတို့ရဲ့ ရိုးရာစားကျက်မြေတွေ ပျက်စီးတဲ့ကိစ္စကို တိုင်ကြားခဲ့ကြပါတယ်။
လုံခြုံရေးကလည်း ဒေသတွင်းမှာ ယေဘုယျအားဖြင့် တင်းကျပ်နေပါတယ်။
တရုတ်နိုင်ငံမှာ နှစ်တိုင်း မတော်တဆမှု အကြီးစားလို့ သုံးနှုန်းခေါ်ဝေါ်တဲ့ ဆန္ဒပြမှုပေါင်း ထောင်သောင်းချီ ဖြစ်ပွားခဲ့တာပါ။
တရားမဝင် မြေသိမ်းမှု ညစ်ညမ်းမှုတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာလို့ မီဒီယာတွေက ဖော်ပြပါတယ်။