မီတာ ၄၀၀၀ အမြင့်မှ လေထီးမပါဘဲ စွန့်စားအမြင့်ခုန်ပြသူ (ရုပ်သံ)

3.3K
လေထီးမပါဘဲ ကောင်းကင်ပေါ်မှ စွန့်စားအမြင့်ခုန်တာဟာ သင့်ကို အသက်ရှူ မှားလောက်စေမှာပါ။
အန်တီပန်ဒစ်ကိုင်နန် အမည်ရ စွန့်စားအမြင့်ခုန်သမားတဦးဟာ ဖင်လန်နိုင်ငံမှာ မီတာ ၄၀၀၀ အမြင့်ရှိ မိုးပျံပူဖောင်းပေါ်ကနေ လေထီးမပါဘဲ ခုန်ချပြခဲ့တယ်လို့ ဟပ်ဖင်တန်ပို့စ်သတင်းမှာ ဒီဇင်ဘာ ၇ ရက်နေ့က ဖော်ပြပါတယ်။
သူဟာ ခုလိုလုပ်နိုင်ဖို့ စတန့်လေ့ကျင့်ခန်းတွေကို တနှစ်လောက် အချိန်ယူ လေ့ကျင့်ခဲ့ရတယ်လို့ ပြောပါတယ်။
“ကျနော် လေထီးမပါဘဲ ခုန်ချပြနိုင်ဖို့ အမြဲလုပ်ချင်ခဲ့တာပါ။ ခုတော့ ကျနော် လုပ်နိုင်ခဲ့ပါပြီ” လို့ အန်တီပန်ဒစ်ကိုင်နန်က ပြောပါတယ်။
သူ့ကို လေထဲမှာ ဖမ်းထားနိုင်ဖို့ နောက်ထပ် ၀တ်စုံပြည့်ဝတ်ဆင်ထားတဲ့သူ ၂ ဦးက လိုက်ခုန်ချရတာ ဖြစ်ပါတယ်။
“ကျနော် ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး။ စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းတဲ့ တခုခုကို နောက်ထပ်လုပ်ချင်ပါသေးတယ်” လို့ သူက ဆိုပါတယ်။