A d v e r t i s e m e n t With Us

ကျောက်မဲတွင် ဗုံး​ကွဲ၊​ ၃ ဦး​ဒဏ်ရာရ

ရှမ်း​ပြည်နယ်​မြောက်ပိုင်း​ ​ကျောက်မဲမြို့​မှာ မ​နေ့​ညပိုင်း​က ဗုံး​တလုံး​ပေါက်ကွဲပြီး​ လူ ၃ ဦး​ ဒဏ်ရာရသွား​တယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။ ကျောက်မဲမြို့​ မန္တ​လေး​-လား​ရှိုး​လမ်း​ကြီး​ပေါ်က ကျွဲကုန်း​ရွာအနီး​မှာ မ​နေ့​ည ရှစ်နာရီခန့်​က ​မော်​တော်ဆိုင်ကယ် စီး​နင်း​လာသူ​တွေက ပစ်ချသွား​တာလို့​မြို့​ခံက ​ပြောပါတယ်၊ အ​သေး​စိတ်သိရ​အောင် ​ကျောက်မဲရဲစခန်း​ကို ​မေး​ဖို့​ ကြိုး​စား​နေဆဲ ဖြစ်ပါတယ်။ ကျောက်မဲ​ဒေသခံ​တွေက​တော့​ ဒီလို ဖြစ်ရပ်မျိုး​ အရင်က မကြုံခဲ့​ဖူး​ဘူး​လို့​ ဆိုပါတယ်။ လွန်ခဲ့​တဲ့​လတုန်း​က​ ပြင်ဦး​လွင်မြို့​၊​ မန္တ​လေး​နဲ့​ ​နေပြည်​တော်မှာလည်း​ ဗုံး​တွေကွဲခဲ့​ပြီး​ တရား​ခံ​တွေကို မမိ​သေး​ပါဘူး​။

A d v e r t i s e m e n t With Us

More News
Up