A d v e r t i s e m e n t With Us

ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်သည့် အာကာသယာဉ် အောင်အောင်မြင်မြင် လွှတ်တင်

ဓာတ်ပုံ - အေအက်ဖ်ပီ
နိုင်ငံတကာ အာကာသစခန်းမှာ အရေးတကြီး လိုအပ်နေတဲ့ ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို သယ်ဆောင်သွားတဲ့ အာကာသယာဉ်ကို ဒီဇင်ဘာ ၆ ရက်နေ့က ဖလော်ရီဒါပြည်နယ် ကေပ့် ခနာဗယ်ရယ် (Cape Canaveral) လေတပ်စခန်းကနေ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။ နိုင်ငံတကာ အာကာသစခန်းက လက်ရှိ အာကာသယာဉ်မှူး ၆ ဦးအတွက် လိုအပ်တဲ့ ရိက္ခာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လွှတ်တင်နေပေမယ့် ဒုံးပျံပေါက်ကွဲမှုတွေဖြစ်ပြီး အခုမှ လွှတ်တင်နိုင်တာပါ။ ဧပြီလနောက်ပိုင်း ပထမဆုံး ပြန်လွှတ်တင်နိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်တွေမှာလည်း ရာသီဥတုမကောင်းလို့ ၃ ရက်ထပ်ပြီး နောက်ဆုတ်ခဲ့ရပါသေးတယ်။ စုစုပေါင်း ရိက္ခာထောက်ပံ့ပစ္စည်း ကီလို ၃၅၀၀ ကျော် သယ်ဆောင်သွားပြီး လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့မှာ နိုင်ငံတကာ အာကာသစခန်းကို ရောက်ရှိမယ်လို့ ဆိုပါတယ်။ အမေရိကန် အာကာသအေဂျင်စီ နာဆာက နိုင်ငံတကာ အာကာသစခန်းမှာ ရိက္ခာနဲ့ ထောက်ပံ့ပစ္စည်းတွေကို အနည်းဆုံး ၆ လစာ ထားရှိတာဖြစ်ပေမယ့် ရိက္ခာပို့ဆောင်ရေး ခရီးစဉ်တွေ မအောင်မမြင် ဖြစ်နေတာနဲ့ ၄ လစာပဲ ကျန်ရှိတယ်လို့ ဆိုပါတယ်။ နာဆာက ကန်ထရိုက်ယူထားတဲ့ ပုဂ္ဂလိက ဂြိုဟ်တုလွှတ်တင်ရေးကုမ္ပဏီ ၂ ခုက လွှတ်တင်တဲ့ ဂြိုဟ်တုတွေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တကြိမ်၊ အခုနှစ် ဇွန်လထဲမှာ တကြိမ် လမ်းမှာ ပေါက်ကွဲသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up