A d v e r t i s e m e n t With Us

ဘောလုံးမကစားချင်သည့် သားဖြစ်သူကြောင့် ခံစားနေရသည့် ဘက်ဟမ်း

ဓာတ်ပုံ - မေရာ
နာမည်ကြီး အင်္ဂလန်ဘောလုံးသမားဟောင်း ဘက်ဟမ်းက သူ့ရဲ့သား ရိုမီယို ဘောလုံးမကစားချင်ဘူးလို့ ပြောလာတဲ့အတွက် ခံစားချက်တွေ ရောထွေးသွားကြောင်း ဆိုပါတယ်။ အ၀တ်အစား ဖက်ရှင်ကုမ္ပဏီ ဘာဘယ်ရီအတွက် မော်ဒယ်လုပ်ပေးနေတဲ့ အသက် ၁၃ နှစ်အရွယ် ရိုမီယိုရဲ့ ဘ၀မှာ ဘောလုံးထက် တခြားအရာကို စွဲလမ်းမှုရှိနေတယ်လို့ ဘက်ဟမ်းက ပြောပါတယ်။ တရက်မှာ သားဖြစ်သူက ဘောလုံးမကစားချင်ဘူးလို့ ပြောတဲ့အတွက် သူက စိတ်ပျက်မိသလို စိတ်သက်သာရာလည်း ရမိတယ်လို့ ဆိုပါတယ်။ သားမှာ တခြားစွဲလမ်းစရာတွေ ရှိနေတာကိုလည်း ကြိုက်မိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဓာတ်ပုံပညာက သားအကြီး ဘရွတ်ကလင်းအတွက် စွဲလမ်းမှုတခုလို့ ဘက်ဟမ်းက ဆိုပါတယ်။ အသက် ၄၀ အရွယ် ဘက်ဟမ်းဟာ ဇနီး ဗစ်တိုးရီးယားနဲ့ သားသမီး ၄ ဦး ရထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up